ရခိုင်နယ်စပ်တွင် ပြည်သူ့စစ် ဖွဲ့စည်းဖို့ ရခိုင်မျိုးချစ်ပါတီ တောင်းဆို

By မင်းမျိုးနွယ် | Posted on October 25, 2016 | Also posted in News, North Rakhine, Politics | | Tagged , , , |

308 Views

statement-app

 

စစ်တွေ၊ အောက်တိုဘာ ၂၅ ရက်။ လက်ရှိရင်ဆိုင်ကြုံတွေ့လျက် ရှိနေသည့် မောင်တောခရိုင် အတွင်းမှ ကျေးရွာသားများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြဲတမ်း လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး အတွက် ဒေသခံတိုင်းရင်းသားများအား မိမိတို့ရပ်ကွက်၊ ကျေးရွာများကို ကာကွယ်နိုင်ရန် အတွက် ပြည်သူ့စစ်တပ်များဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း ရခိုင်မျိုးချစ်ပါတီ APP က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

“ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ဒေသခံတွေကို အစိုးရက နေရပ်တွေပြန်ပို့နေတယ်။ ပြန်သွားဖို့ပြောတယ်။ ဒီလူတွေဟာ မိမိရွာမှာ မနေရဲလို့ လာခဲ့ကြတာပါ။ သူတို့ကိုရွာပြန်ခိုင်းရင် အဲဒီလူတွေရဲ့ လုံခြုံရေးကို အစိုးရအနေနဲ့ ပြည့်ပြည့်ဝဝ ပေးဖို့ရယ်။ စားရေးသောက်ရေး အတွက်ကိုလည်း ပြည့်ဝစွာ ထားရှိပေးဖို့ အတွက် တိုက်တွန်းထားပါတယ်။ နောက်တစ်ခုက အဲဒီ လူတွေ လုံခြုံ စိတ်ချစွာနေထိုင်နိုင်ဖို့ အတွက် ဒေသကို ကာကွယ်ပေးနိုင်ဖို့ အတွက် ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့ပေးဖို့အတွက်ကို အဓိကထားပြီးတော့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။” ဟု ရခိုင်မျိုးချစ်ပါတီ APP ၏ အတွင်းရေးမှူး ဦးခင်မောင်ထွန်းကပြောသည်။မောင်တောဒေသသည် စိတ်ဓာတ်ရေးရာလုံခြုံမှု၊ လူမှုဘဝလုံခြုံမှု မရှိသည့်အပြင် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့  တာဝန် ထမ်းဆောင်နေရသည့် ကျေးရွာ ရပ်ကွက်များတွင် နေထိုင်နေရမှု အခြေအနေများ၊ သွားလာမှု အခြေအနေများ အတွက်လည်း စိုးရိမ်မိကြောင်း ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်နေသည့် ရခိုင်နယ်စပ် မောင်တော ခရိုင်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှ ၎င်းတို့ကို ပြည်သူ့စစ်ပုံစံဖြင့် လက်နက် တပ်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ကာကွယ်ရေး ဒုတိယ ၀န်ကြီး ဗိုလ်ချူပ် မြင့်နွယ်က အောက်တိုဘာ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency