ရခိုင်က ငါးခြောက်ထုတ်လုပ်မှု ကျဆင်း

By မင်းမျိုးနွယ် | Posted on February 2, 2017 | Also posted in Video | | Tagged , |

400 Views

စစ်တွေ၊ ဖေဖေါ်ဝါရီ ၂ ရက်။ ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပေမဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေ နည်းပါးလာနေတာကြောင့် ငါးခြောက်ထွက်ရှိမှု နည်းပါးလာပြီးတွက် ဧရာဝတီနဲ့ ဖျာပုံဘက်ကငါးခြောက်တွေကိုပဲ ဝယ်ယူရောင်းချနေကြရတယ်လို့ ရခိုင်ငါးခြောက်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ငါးဖမ်းလုပ်ငန်းဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလက အောင်မြင်ပြီးတော့ ဈေးကွက်တည်ငြိမ်နေခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခနောက်ပိုင်း ဒေသမတည်ငြိမ်မှုတွေဖြစ်ပွားခဲ့ပြီးချိန်မှာ အခုလိုမျိုး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ငါးခြောက်ဈေးကွက်အတွင်းကို တခြားဒေသက ဝင်ရောက်လာခဲ့တဲ့ ငါးခြောက်တွေဟာ ဈေးနှုန်း သက်သာပေမဲ့ ဒေသတွင်းရောင်းချတဲ့အခါမှာ ဈေးမြှင့်ရောင်းချနေရပြီး စားသုံးသူတွေ အပေါ်မှာလည်း အဆင်မပြေမှုတွေ ရှိနေတာကြောင့် ငါးခြောက်ဈေးကွက်တစ်ခုလုံးဟာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ငါးခြောက်ရောင်းဝယ်သူတွေက ပြောလာပါတယ်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency