စစ်တွေအကျဉ်းထောင်တွင် လူ့အခွင့်ရေးချိုးဖောက်မှုများ မတွေ့ရဟု ကော်မရှင်ပြောကြား

By မိုးအောင် | Posted on February 6, 2017 | Also posted in News, North Rakhine, Video | | Tagged , |

536 Views

 

စစ်တွေ၊ ဖေဖေါ်ဝါရီ ၆ ရက်။ စစ်တွေမြို့နယ်အကျဉ်းထောင်အတွင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုများ မတွေ့ရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားလိုက်သည်။

“ သာမန်ပါပဲ၊ လူအခွင့်ရေးချိုးဖောက်တာတို့ တွေ့ခဲ့ဖူးတဲ့ အကျဉ်းထောင်တွေရှိပါတယ်၊ အဲလို ထောင်တွေနဲ့စာရင် ဒီမှာက လူအခွင့်ရေး ချိုးဖောက်မှုတွေ မရှိပါဘူး။”

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များနှင့် ရဲစခန်းများအပါအဝင် အချူပ်သား ဆေးကုသခန်းများကို လာရောက် စစ်ဆေးရန် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ညနေတွင် စစ်တွေမြို့ကို ရောက်ရှိလာခဲ့သည်။

ယနေ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့ နံနက်တွင် စစ်တွေမြို့ရှိ အကျဉ်းထောင်နှင့် အချူပ်သားများ၏ ဆေးကုသစခန်းများကို လာရောက် စစ်ဆေးခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခုသတင်းကို RiA နှင့် မဇ္ဈိမ သတင်းမီဒီယာတို့မှ ပူးပေါင်းစီစဉ် တင်ဆက်သည်။

mm
မိုးအောင်သည် ရခိုင်ပြည်နယ်အခြေစိုက် Development News Journal တွင် အကြံပေး၊ သတင်းအယ်ဒီတာ တာဝန်များ ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေး၊ ပထဝီရေးရာတို့ကို ရေးသားလျက်ရှိကာ RiA ၏ တည်ထောင်သူ တစ်ဦး ဖြစ်သည့် ကျော်စိုးဦး၏ ကလောင်ခွဲ ဖြစ်သည်။

Related Post

Comments

comments

Root Agency