အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ လူမျိုးကို အခြေခံတဲ့နိုင်ငံရေးဆွေးနွေးပွဲမျိုးဖြစ်ဖို့လို

By မင်းမျိုးနွယ် | Posted on February 21, 2017 | Also posted in Video | | Tagged , , |

1082 Views


စစ်တွေ၊ ဖေဖော်ဝါရီ ၂၁ ရက်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပပြုလုပ်လျှက်ရှိနေတဲ့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ ဒေသကို အခြေခံတဲ့ ဆွေးနွေးပွဲမျိုးထက် လူမျိုးကို အခြေခံတဲ့ဆွေးနွေးပွဲမျိုးဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကပြောပါတယ်။

အဲဒီဆွေးနွေးပွဲဟာ မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မဲ့ ၂၁ ရာစုပင်လုံညီခလာခံမှာ တင်ပြဆွေးနွေးမဲ့ ဘုံသဘောတူညီချက်တစ်ခုကို ရရှိလာဖို့လိုအပ်နေတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဦးဆောင်ကျင်းပ သင့်ကြောင်း သူကပြောပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးမူဘောင် NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေအနေနဲ့လည်း ပါဝင်ခွင့်ရရှိဖို့ကိုမျှော်လင့်ကြောင်းနဲ့ ပါဝင်လာနိုင်ရေးအတွက် လက်ရှိမှာလည်းပဲ ကြိုးစားဆောင် ရွက်နေကြောင်း UPDJC ဖွဲ့ဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency