ကျောက်ဖြူကမ်းခြေတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတည်ဆောက်မည်

By Admin | Posted on March 2, 2017 | Also posted in News, South Rakhine | | Tagged , , |

2361 Views

 

1-kyauk-phyu-domestic-airport-2010

စိုးစိုး

စစ်တွေ၊ မတ် ၂ ရက်။ ရခိုင်တောင်ပိုင်း ကျောက်ဖြူကမ်းခြေ၌ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခု တည်ဆောက်နိုင်ရေး ယခုနှစ်အတွင်း စတင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း  ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေးရုံးမှ သိရသည်။

“ ဒေဝူးကုမ္ပဏီက ကျွန်တော်တို့ ကျောက်ဖြူမြို့အတွက် တစ်နှစ်မှာ သိန်းတစ်ထောင်စီ လျာထားချက်ရှိတယ်၊ အဲဒီ သိန်းတစ်ထောင်ကို ခွဲဝေပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ပေးတယ်၊ကျေးလက်ကိုလည်း ပေးတယ်၊  ဒေဝူးကုမ္ပဏီရဲ့ အကူညီနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေးထားပါတယ်။ ပထမ ကနဦး အနေနဲ့ လုပ်ဖြစ်မှာက ကမ်းခြေနားက ပန်းခြံကို သိန်း ၂၁၉ လောက်နဲ့ အဆင့်မြင့်တင် ဆောင်ရွက်ဖို့ အစီစဉ်ဆွဲထားပြီးဖြစ်ပါတယ်။” ဟု ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ ဦးသန်းလွင်က ပြောသည်။

အပန်းဖြေစခန်းအား ကျောက်ဖြူမြို့အဝင် ကမ်းခြေအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံ ကုမ္ပဏီဖြစ်သော ဒေဝူးကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

Related Post

Comments

comments

Root Agency