ရခိုင်ကမ်းလွန်မှ ရွှေဖြူနှင့် မြ သဘာဝဓါတ်ငွေ့သိုက်နှစ်ခု တိုးချဲ့ထုတ်လုပ်မည်

By မင်းမျိုးနွယ် | Posted on March 10, 2017 | Also posted in News, South Rakhine | | Tagged , , , , , , , , |

1917 Views

vess2-1302off
ကျောက်ဖြူ၊ မတ် ၁၀ ရက်။ ရခိုင်ကမ်းလွန် ပင်လယ်ပြင်အတွင်းရှိ ရွှေသဘာဝ  ဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များအာား ထုတ်လုပ်လျှက်ရှိပြီး မကြာမီနှစ်များအတွင်း နောက်ထပ်ဓါတ်ငွေ့သစ်နှစ်ခုကို တိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အသစ်ထပ်မံထုတ်လုပ်မည့် ဓါတ်ငွေ့သိုက်များမှာ ရွှေဖြူနှင့်မြ သဘာဝဓါတ်ငွေ့သိုက် တို့ဖြစ်ပြီး ကမ်းလွန်သဘာဝ ဓါတ်ငွေ့ရှာဖွေရေး လုပ်ကွက် အမှတ် (A-1),(A-3) ဖြစ်ကြောင်း ယင်းလုပ်ကွက်မှာ လက်ရှိထုတ်လုပ်လျှက် ရှိနေသည့် ရွှေသဘာဝဓါတ် ငွေ့ လုပ်ကွက် (A-4) နှင့် အနီးစပ်ဆုံးနေရာတွင် တည်ရှိကြောင်းသိရသည်။

“လက်ရှိမှာ ကျွန်တော်တို့ ရခိုင်ပင်လယ်ပြင် အတွင်းမှာရှိတဲ့  ရွှေသဘာဝဓါတ်ငွေ့ သိုက်ကနေ သဘာဝဓါတ်ငွေ့တွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။ အခု မကြာခင် မှာဘဲ ရွှေဖြူနဲ့ မြ လုပ်ကွက်သစ်နှစ်ခုကနေ တိုးချဲ့ထုတ်လုပ်သွားမယ်လို့ သိရတယ် ခင်ဗျား။ အခုလောလောဆယ်မှာတော့ EIA လုပ်နေတုန်းပါ။ ဘယ်နှစ်ခုနှစ် လောက်မှာ ထုတ်လုပ်မယ်ဆိုတာ တော့ သူတို့မပြောသေးဘူး။”ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်ကပြောသည်။

အဆိုပါ ဓါတ်ငွေ့သိုက်များအား DAEWOO ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီမှ တွေ့ရှိထားခြင်းဖြစ်ကာ ဓါတ်ငွေ့များတိုးချဲ့ ထုတ်လုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ POSCO-DAEWOO Corporation မှ EIA ဆိုင်ရာ အချက်အလက်များ ကောက်ယူမှုကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

“အဲဒီလုပ်ကွကတွေနဲ့ပါတ်သက်ပြီးတော့ အစိုးရနဲ့ ကုမ္ပဏီတွေဘက်က ဘာတွေ လုပ်နေတယ်ဆိုတာကို Daewoo နဲ့ MOGE အပါအဝင် Assessment လုပ်နေတဲ့ ERM ကုမ္ပဏီတို့က ကျွန်တော်တို့ ဒေသခံတွေ အရပ်ဖက်အဖွဲ့အစည်း တွေကို ခေါ်ယူပြီးတော့ ခရိုင်ထွေအုပ်ရုံးမှာ မနေ့က ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို အခုမှသူတို့ လုပ်နေတာတွေကို ချပြတာဖြစ်ပါတယ်။”ဟု ဦးထွန်းကြည်ကပြောသည်။

လက်ရှိတွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်အတွင်းရှိ ရွှေသဘာဝဓါတ်ငွေ့ ထုတ်လုပ် ကွက် A-4 မှ  တစ်ရက်လျင်ကုဗပေသန်း ၅၆၀ အထိထုတ်လုပ်လျှက်ရှိပြီး တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ယခုတိုးချဲ့ထုတ်လုပ်မည့် ရွှေဖြူသဘာဝ ဓါတ်ငွေ့လုပ်ကွက် A-1 နှင့် မြသဘာဝဓါတ်ငွေ့လုပ်ကွက် A 3 တို့မှာ ထွက်ရှိသည့် ဓါတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

 

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency