အစ္စလမ်ဘာသာဝင် တက္ကသိုလ်ဝင်တန်း ကျောင်းသားများအား သီးသန့်ဖြေဆိုခွင့်ပေး

By မိုးအောင် | Posted on March 11, 2017 | Also posted in News, North Rakhine, Society, South Rakhine | | Tagged , , , , , , , , , , |

647 Views

00356
ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလမ်ဘာသာဝင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ/သားများအား စာမေးပွဲဖြေဆို နိုင်ရန်အတွက် မြို့နယ်ငါးခုတွင် စာစစ်ဌာန၏ သီးသန့်အစီအစဉ်ဖြင့် ဖြေဆိုခွင့်ပေးထားကြောင်း သိရသည်။

ယခုနှစ် စာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၌ သီးသန့်အစီအစဉ်ဖြင့် ဖြေဆိုခွင့်ပြုပေး ထားခြင်းဖြစ်ကာ စစ်တွေစာစစ် ဌာနတွင် သက္ကယ်ပြင် အထက၊ ကျောက်တော် စာစစ်ဌာနတွင် ညေင်ပင်လှ အထက၊ မြောက်ဦးစာစစ်ဌနတွင် မြောင်းဘွေ အထက၊ ကျောက်ဖြူ စာစစ်ဌာနတွင် ခမရ (၅၄၂) အထကနှင့် ရမ်းဗြဲ စာစစ်ဌာနတွင် ကျောက်နီမော် အထက တို့၌ သီးသန့်စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းသိရသည်။

“သီးသန့် စီစဉ်ပေးတယ်ဆိုပေမဲ့ ပုံမှန်စစ်ဆေးမှုအနေနဲ့ပဲ စစ်တာပါ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ဒီလိုဖြေဆိုခဲ့ကြရ ပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ သံတွဲမှာတော့ အားလုံးအတူတူ ဖြေဆိုကြရပါတယ်။ စာရင်းအရတော့ ဖြေဆိုခွင့်ရှိတဲ့သူ ၄၁၀ ဦးရှိပါတယ်။ အဲဒီထဲက ၃၈၅ ဦးပဲဖြေဆိုကြပါတယ်။” ဟု လက်ထောက် ညွန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပြောသည်။

စာစစ်ဌာန ငါးခုအတွင်း ဖြေဆိုလျှက်ရှိကြသည့် ကျောင်းသားများမှာ သက္ကယ်ပြင် စာစစ်ဌာနတွင် ၁၇၇ ဦး၊ ညောင်ပင်လှ စာစစ်ဌာနတွင် ၆၃ ဦး၊ မြောင်းဘွေ စာစစ် ဌာနတွင် ၈၅ ဦး၊ ခမရ (၅၄၂) စာစစ်ဌာနတွင် ၆ ဦးနှင့် ကျောက်နီမော် စာစစ်ဌာနတွင် ၅၄ ဦးတို့ ဖြေဆိုလျှက်ရှိကြောင်း သိရှိရသည်။

ယင်းအပြင် ယခု ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှေက်ထားခဲ့ကြသည့် အစ္စလမ်ဘာသာဝင် ကျောင်းသူ/သားပေါင်း ၂၆၂၃ ဦးထိရှိခဲ့ပြီး လက်ရှိဖြေဆိုလျှက်ရှိသူ ၁၈၈၈ ဦးဖြစ်ကာ ပျက်ကွက်သူစုစုပေါင်းမှာ ၇၃၅ ဦးဖြစ်ကြောင်းသိရသည်။

mm
မိုးအောင်သည် ရခိုင်ပြည်နယ်အခြေစိုက် Development News Journal တွင် အကြံပေး၊ သတင်းအယ်ဒီတာ တာဝန်များ ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေး၊ ပထဝီရေးရာတို့ကို ရေးသားလျက်ရှိကာ RiA ၏ တည်ထောင်သူ တစ်ဦး ဖြစ်သည့် ကျော်စိုးဦး၏ ကလောင်ခွဲ ဖြစ်သည်။

Related Post

Comments

comments

Root Agency