မှုခင်းကျဆင်းရေးအတွက် ပညာပေးကိစ္စရပ်များဆွေးနွေး

By အေးအေးသန်း | Posted on March 11, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , |

204 Views

_DSC0009
စစ်တွေ၊ မတ်လ ၁၁ ရက်။ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပွားနေသည့် မှုခင်းများကျဆင်းစေရေးအတွက် မြို့နယ်၊ ခရိုင်အဆင့် ရဲတပ်ဖွဲ့ဝင်များအား ပညာပေးဆွေးနွေးခြင်းများနှင့် ရဲတပ်ဖွဲ့၏ဆောင်ရွက်နေမှုများအား ပြည်သူများ၏ သံသယဖြစ်ပွားနေမှုများ လျော့နည်းစေရန်အတွက် ဆွေးနွေးမှုတစ်ရပ်ကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လက်ရှိရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့်ပဋိပက္ခဖြစ်စဉ်များ၊ အခြားသော ဥပဒေနှင့် ဆန့်ကျင်သည့် မှုခင်းအခြေအနေများ မြင့်မားလာနေမှုများကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
“ပြည်သူလူထုအနေနဲ့ ထောက်ပြပေးစရာရှိရင် ထောက်ပြနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ပြည်သူတွေထဲက ပြည်သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မိသားစုတွေပါ။ လိုအပ်တာက အမှားယွင်းမရှိအောင် လှုံ့ဆော်ပေးဖို့ပါပဲ။ လိုအပ်တဲ့အကြံဥာဏ်များ ရှိရင်လည်းပေးပါ။ ကျွန်တော်တို့အနေနဲ့ လေးလေးစားစားနဲ့ ပြုပြင်ဆောင်ရွက်သွားဖို့ ဝန်မလေးပါဘူး။” ဟု နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီဒဒ ဗိုလ်မှူးကြီး ထိန်လင်းက အခန်းအနားတွင်ပြောကြားခဲ့သည်။

ယင်းအပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် လူကုန်ကူးမှုစသည့် မှုခင်းများ၌ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များက အားရကျေမှုမရှိသည်ကို ပြည်သူလူထု၏ ဆွေးနွေးအကြံပြုချက်များအားရယူကာ အောက်ခြေတွင် ပညာပေးနိုင်ရန်နှင့် ဝန်ဆောင်မှုပေးနိုင်ရန်တို့ အတွက်အကြံဥာဏ်တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာမှာ ရဲတပ်ဖွဲ့ဝင်မယ့်သူတွေ များပါတယ်။ ဒါကြောင့်လည်း  အမှန်တကယ်အရည်အချင်းရှိပြီး စွမ်း ရည်ပြည့်ဝသူတွေကို ခန့်အပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ ရဲတပ်ဖွဲ့ဝင်မယ့်သူတွေ နည်းတာကြောင့် အမှန်တကယ် စွမ်းရည်ပြည့်ဝမှုမရှိပဲ ခန့်အပ်တာတွေရှိတာကြောင့် မှုခင်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်သူလူထုအနေနဲ့ အားရကျေနပ်မှုမရှိတာကို သုံးသပ်တွေ့ရပါတယ်။”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး  စိန်လွင်ကပြောသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပွားလျှက်ရှိသည့် မှုခင်းများအား လိုက်လံဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိသော်လည်း အခြေအနေမှာ လျော့နည်းမသွားဘဲ မူးယစ်ဆေးဝါး၊ မုဒိန်းမှုနှင့် တချို့ကိစ္စရပ်များမှာ တိုးပွားလာလျှက်ရှိကြောင်းသိရသည်။

—–

ဓါတ်ပုံ – မင်းမျိုးနွယ်/RiA

mm
အေးအေးသန်းသည် Myanmar Now အတွင် အလုပ်သင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ယဉ်ကျေးမှု၊ သဘာဝသယံဇာတရေးရာများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency