မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူနှစ်ဦး လွတ်မြောက်ရေး မြောက်ဦးဒေသခံများ ဆန္ဒထုတ်ဖေါ်

By Admin | Posted on April 21, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , , |

342 Views

Mra Tazune-Campaign
မတရားအသင်း ဆက်သွယ်မှု ဥပဒနေနှင့် ငြိမ့်စွမ်းသည်ဟုဆိုကာ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသည့် မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရနှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မြောက်ဦးဒေခံများက ဆန္ဒထုတ် ဖေါ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့မှာ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ရခိုင်လက်နက် ကိုင်တပ်ဖွဲ့ AA ၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် AA Cup ဘော လုံးပြိုင်ပွဲနှင့် ဟောပြောပွဲတို့အား ကျင်းပခဲ့သည့်အတွက် သက်ဆိုင် ရာမှ မတရားအသင်းနှင့်ဆပ် စပ်သည်ဟု ဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ဆရာတော်နှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို ခြင်းဖြစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြသာထွန်းက ပြောသည်။

“မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖေါ် အပြီးမှာ ပြင်ဈေးဆရာတော် က မြတန်ဆောင်ဆရာတော် ဖမ်းဆီးခံထားရ ခြင်းနဲ့ ပတ်သက်ပြီးတော့ ဟောပြောသွားမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဆန္ဒထုတ်ဖေါ်မှုတွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့အား ချက်ချင်းလွှတ်ပေးရေး၊ ရဟန်းတော်များ အား အစိုးရမှလေးစားရေး၊ ရခိုင်ပြည်သူတို့၏ဆန္ဒအား အစိုးရမှလေးစားရေး စသည့် အချက် (၆) ချက် တို့ကို ဆောင်းဆိုမှုပြုလုပ်သွားခဲ့ကြောင်းသိရသည်။

ဆန္ဒထုတ်ဖေါ်မူသို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါဝင်ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

Photo – CJ

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency