မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းကို ဒုတိယအကြိမ်မြောက် ရုံးထုတ်

By Admin | Posted on May 2, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , |

657 Views

Mra Tazune.1

အောင်အောင်ထူး/RiA

မြောက်ဦး၊ မတ် ၂ ရက်။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ဖွဲ့စည်းခြင်း ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ ကျင်းပခဲ့သည့်အတွက် ဖမ်းဆီးခံထားရသည့်  မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့အား ယနေ့ မတ်လ (၂) ရက်နေ့တွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါဟာ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆရာတော်ကို စွဲဆိုထားတာက အမှု (၃) မှုနဲ့ တရားလို သုံးယောက် လုပ်ပြီးစွဲဆိုထားပါတယ်။ ဒီနေ့တရားလိုတစ်ယောက်ကို စစ်ဆေးပါတယ်။ လောလောဆယ်မှာတော့ တရားလိုတွေကို စစ်ဆေးနေ ဆဲပါပဲ။”ဟု အမှုလိုက်ပါဆောင်ရွက်နေသူ Arakan Law Found မှ ရှေ့နေ ဦးဦးထွန်းလှ က ပြောသည်။

ဖမ်းဆီးခံထားရသူ နှစ်ဦးထဲမှ မြတန်ဆောင်းဆရာတော်ကို ပုဒ်မ သုံးခုခြင့်စွဲဆိုထားခြင်းဖြစ်ကာ တရားလိုများမှာ ဦးကျော်ကျော် (ခ) ကုလားချေက ပြစ်မှုဥပဒေပုဒ်မ ၂၉၄၊ ၄၂၇ ဖြင့် တရားလိုပြုထားသည့်တစ်မှု၊ ဒေါ်မအေးနုက ပြစ်မှုဥပဒေပုဒ်မ ၄၅၁၊ ၅၀၆ ဖြင့်တစ်မှုနှင့် ဗိုလ်မှူးဝင်းကျော်က မတရားအသင့်ဆက်သွယ်မှုပုဒ်မ ၁၇/၁ တို့ဖြင့် စွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအပြင် တတိယအကြိမ်မြောက် ရုံးချိန်းကို လာမည့် မေလ (၈) ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးအား မြောက်ဦးမြို့မရဲစခန်းတွင် ယာယီထိန်းသိမ်းထားကြောင်း သိရသည်။

Related Post

Comments

comments

Root Agency