ကောက်နှုတ်ချက်

By မင်းမျိုးနွယ် | Posted on May 11, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , , , , , , , , |

262 Views

Mr.Ghassam Salame

မစ္စတာကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထုတ်ပြန်ပြီး ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ကို ပဉ္စမအကြိမ်အဖြစ် မေလ ၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအပါအဝင် လူမှုအဖွဲ့အစည်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့အခါ ကော်မရှင်ရဲ့ပြောကြားချက်တွေကို ကောက်နှုတ်ဖော်ပြထားတာပါ။

ကျွန်တော်တို့ ကော်မရှင်ကိုဖွဲ့စည်းခဲ့တာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။ တစ်ချက်ပြန်ပြီးကြည့် ချင်တာက ဒီကော်မရှင်ကို ဖွဲ့စည်းခဲ့တဲ့နောက်ပိုင်းမှာ အောက်တိုဘာ ၉ ရက်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံတဲ့ အဖြစ်အပျက်တွေ မတိုင်ခင်ကတည်းက ကျွန်တော်တို့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကော်မရှင်ကို ဖွဲ့စည်းခဲ့တာဟာလဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်နဲ့ ဖွဲ့စည်းတာပါ။ သက်တမ်းတစ်နှစ်ရှိတာမှာ သက်တမ်းတစ်ဝက် မတ်လအကုန်အထိ ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်ကို တင်ပြခဲ့ပြီး ပါပြီ။ အစီရင်ခံစာမှာ ပါတဲ့အချက်တွေက အရေးကြီးပြီးတော့ မြန်မြန်လုပ်ရမယ့် အချက်တွေ၊ မြန်မြန်လုပ်နိုင်မယ့် အချက်တွေကို ကျွန်တော်တို့ တင်ပြပြီးပါပြီ။

တစ်နှစ်ပြည်တဲ့အချိန် နောက်ထပ်လာမယ့် သုံးလအတွင်းမှာလဲ အပြီးသတ်အစီရင်ခံစာကို ကျွန်တော်တို့ တင်သွင်းပါမယ်။ အဲဒီမှာ ကြားဖြတ်အစီရင်ခံစာမှာပါတဲ့ တချို့အရေးကြီးတဲ့ အကြောင်းအရာတွေကို သေသေချာချာ တိတိကျကျတင်သွင်း သွားပါမယ်။

နောက်ထပ် သုံးလအကြာမှာထွက်မယ့် အပြီးသတ်အစီရင်ခံစာအတွက်ကော ဒီကြားဖြတ်အစီရင်ခံစာအတွက်ပါ ကျွန်တော်တို့ တွေ့ဆုံမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက အရေးကြီးတဲ့လူတွေ အကုန်လုံးကို တွေ့ဆုံခဲ့ ပါတယ်။ အခုလောလောဆယ်အထိလည်း အစည်းအဝေးပေါင်း ၁၄၀ ကျော် စီစဉ်ပြီးပါပြီ။ လူပေါင်းလည်း တစ်ထောင်နီး ပါးလောက် တွေ့ခဲ့ပြီးပါပြီ။ နောက်သုံးအတွင်းမှာလဲ အများကြီးထပ်တွေ့ဖို့ အစီစဉ်ရှိပါတယ်။

ကျွန်တော်တို့ကို တွေ့ချင်တဲ့လူတွေ အကုန်လုံးကိုလည်း ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ မေးချင်တာပဲဖြစ်ဖြစ်။ တွေ့ချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကတွေ့ဖို့ အဆင်သင့်ရှိပါတယ်။

ကျွန်တော်တို့ ကော်မရှင်အနေနဲ့ တကယ်အရေးကြီးပြီး အဓိကကျတဲ့ ပြဿနာတွေကိုလည်း သိခဲ့ရပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ တရားဥပဒေစိုးမိုးမှု ရှိလားမရှိလား။ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလားမရှိလား။ ပြီးတော့ ဒေသတွင်း မှာ တည်ငြိမ်အေးချမ်းရေးကိစ္စတွေနဲ့ ပါတ်သက်ပြီးတော့ စစ်ဆေးနေပါတယ်။

ခုနက ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ ကော်မရှင်ကိုဖွဲ့ခဲ့တာ မနှစ်က စက်တင်ဘာလမှာပါ။ အောက်တိုဘာလမှာ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေအတွက် ကော်မရှင်ကို ဖွဲ့ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် အောက်တိုဘာလ ၂၀၁၆ မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အခါကျတော့ ဒါတွေကို လစ်လျူရှုလို့လည်း မရဘူး။ အဲဒါကြောင့် မတ်လက ထုတ်တဲ့ ကြားဖြတ် အစီရင်ခံစာကို တင်သွင်းတဲ့အခါမှာ ဒါနဲ့ပါတ်သက်ပြီးတော့ စဉ်းစားခဲ့ပါတယ်။

ကျွန်တော်တို့ ဒီလုပ်ငန်းကို စလုပ်တဲ့အခါမှာလည်း လူတော်တော်များများက ရခိုင်ပြည်နယ်ရဲ့ သမိုင်းကို ပြောပြခဲ့ပါတယ်။ လူတိုင်းကတော့ ကိုယ့်ပြည်နယ် ကိုယ်ပြောတာပေါ့။ ဘာပဲဖြစ်ဖြစ် လူတွေအကုန်လုံး ပြောတာကိုတော့ လေးစားပါတယ်။

ဒီကော်မရှင်မှာရှိနေတဲ့ မြန်မာအဖွဲ့ဝင်တွေဆိုရင်လည်း ရခိုင်ပြည်နယ်ရဲ့ သမိုင်းကြောင်းတွေကို အများကြီး လေ့လာစရာ ရှိနေပါတယ်။ နိုင်ငံခြားသား ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဥက္ကဌတို့ကလည်း ပိုသိအောင် အများကြီး ကြိုးစားနေပါတယ်။

ဒီကိစ္စနဲ့ ဆက်ဆံဖူးတဲ့သူတွေအတွက်တော့ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အလုပ် လုပ်ရတဲ့အခါမှာလည်း အတူတူနေနိုင်ဖို့။ နောက် အခွင့်အလမ်းတစ်ခုကတော့ ရခိုင်ပြည်နယ်အတွက် ပိုပြီးတော့ကောင်းတဲ့ အနာဂတ်တစ်ခုကို ဘယ်လိုဖန်တီးမလဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့ ထည့်ပြီးတော့ စဉ်းစားထားပါတယ်။

ပထမတစ်ချက်အနေနဲ့ အထူးအလေးပေး ပြောလိုတာကတော့ ကျွန်တော်တို့ဟာ နိုင်ငံတကာအဖွဲ့အစည်း မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာမဟုတ်ဘူး။ ကော်မရှင်အဖွဲ့ဝင်တွေ ကိုးယောက်ရှိတဲ့အထဲမှာ ခြောက်ယောက်ကတော့ မြန်မာပါ။ ဒီအဖွဲ့အစည်းကို ဖွဲ့ခဲ့တာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက အမိန့်ချပြီး ဖွဲ့တာမဟုတ်ဘူး။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ကပဲ ဖွဲ့ခဲ့တာပါ။ ဒါကြောင့် မြန်မာအစိုးရကိုပဲ အကြံပေးဖို့ပဲ ရည်ရွယ်ပါတယ်။

အစီရင်ခံစာရေးရင်လဲ ကျွန်တော်တို့ နိုင်ငံတကာကို တင်တာမဟုတ်ပါဘူး။ မြန်မာအစိုးရကိုပဲ တင်ပါတယ်။ အဖွဲ့အစည်း ကိုပဲကြည့်ကြည့်။ အဖွဲ့ရဲ့ရည်ရွယ်ချက်ကိုပဲကြည့်ကြည့်။ အစီရင်ခံစာကိုပဲကြည့်ကြည့် မြန်မာနိုင်ငံနဲ့ပဲ အများကြီးပါတ်သက် ပါတယ်။

နိုင်ငံတကာနဲ့ သက်ဆိုင်တာဆိုလို့ ဒါတွေကို ရေးတဲ့အခါမှာ၊ စုံစမ်းစစ်ဆေးတဲ့အခါမှာ နိုင်ငံတကာ အဆင့်မီရေးမယ်။ လုပ်ထုံးလုပ်နည်းတွေပဲ နိုင်ငံတကာနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရပါတယ်။

ကျွန်တော် တစ်ခုပြောချင်တာက ရခိုင်လူမှုအဖွဲ့အစည်းရဲ့ စဉ်းစားတဲ့ပုံတွေ၊ ခံစားရတာတွေကို နားလည်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ ရခိုင်တွေလဲပါပါတယ်။ ပြီးတော့ နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့တာရှိပါတယ်။ ရခိုင်တွေဘက်က ဒီကော်မရှင်အဖွဲ့ဝင်တွေကို တွေ့ဆုံချင်တယ်ဆိုရင် ငြင်းဆိုခဲ့တာမရှိပါဘူး။ ရခိုင်အဖွဲ့ဝင်တွေနဲ့ သွားတွေ့တဲ့အခါမှာ ရခိုင်တွေလူနည်းစုဖြစ်နေတာကို တွေ့ခဲ့ပါတယ်။ မောင်တောတို့ ဘူးသီးတောင် တို့မှာ ရခိုင်တွေဟာ လူနည်းစုဖြစ်နေပါတယ်။ အဲဒီမှာ ရခိုင်တွေနဲ့သွားပြီး တွေ့ဆုံခဲ့တာရှိပါတယ်။

ကျွန်တော်တို့ ကော်မရှင်ဟာ သက်တမ်းတစ်နှစ်ပဲရှိပါတယ်။ အကန့်အသတ်မရှိခဲ့တာ မဟုတ်ပါဘူး။
မြေယာကိစ္စတွေကလဲ အစိုးရက သိမ်းတာရှိမယ်။ နေထိုင်တဲ့ပါတ်ဝန်းကျင် မတူတဲ့အတွက် တစ်ယောက်မြေကို တစ်ယောက် သိမ်းတာလည်း ရှိမယ်။ ကျွန်တော်တို့ကော်မရှင်က မြေယာကိစ္စတစ်ခုတည်းကိုပဲ ဖြေရှင်းဖို့ ခန့်ထားတဲ့ ကော်မရှင် မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ပြဿနာတွေကို ဘယ်အချိန်မှာ ရှင်းနိုင်မလဲ ဆိုတာကို အစိုးရကိုချပြဖို့ အတွက်ပါ။ ဒီဟာ အကျုံးဝင်တဲ့အတွက် အစိုးရကို ချပြလို့တော့ ရပါတယ်။ ကြားထဲဝင်ပြီး ဖြေရှင်းလို့တော့မရပါဘူး။ တရားဥပဒေနဲ့ဆိုင်တဲ့ ကိစ္စမို့ တရားလွှတ်တော်ကနေပဲ ရှင်းရပါမယ်။

ကြားဖြတ်အစီရင်ခံစာမှာ အရေးကြီးတဲ့ဟာတွေ။ အဓိကလုပ်ဖို့လိုအပ်တဲ့ဟာတွေကို ချပြထားတာပါ။ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ဘက်ကလည်း ဒါတွေကိုသဘောကျပါတယ်။ လက်ခံပါတယ်။ လွှတ်တော်နဲ့ တွေ့ဖို့ကျတော့ ရခိုင်ဘက်က မတွေ့ဖို့အဆင်မပြေတာ ရှိပါတယ်။ အဆုံးသတ်အစီရင်ခံစာရေးဖို့အတွက် ကျွန်တော်တို့ ဒီမှာဘဲရှိနေ ပါတယ်။ ဒါကြောင့် တစ်ခုခုမကြိုက်တာ၊ တိုက်ဆိုင်မှုတွေရှိနေတာ ရှိလို့ရှိရင် အမြဲတမ်းပြောလို့ ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်အနေနဲ့ ငြိမ်းချမ်းဖို့ရော တည်ငြိမ်မှုအတွက်ကိုရော အဖွဲ့အစည်းပေါင်းစုံနဲ့ စကားပြောမှပဲ သိနိုင်မှာမို့လို့ပါ။

နောက်တစ်ခုက ကျွန်တော်တို့ကော်မရှင်ဟာ သက်တမ်းတစ်နှစ်ပဲရှိတာဆိုတာ့ တည်ငြိမ်အေးချမ်းမှုအတွက် လုပ်နေတယ်ဆိုတာကို စောင့်ကြည့်ဖို့အချိန် မရှိပါဘူး။ ဒီသက်တမ်းထဲမှာ ဘာတွေကိုလိုချင်လဲ။ ဘာတွေကို လုပ်ဖို့ရှိလဲဆိုတာကိုပဲ ကြည့်လို့ရပါမယ်။

အစီရင်ခံစာက မတ်လအတွင်းမှာ ထွက်တာဆိုတော့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့လည်း အများကြီးလုပ်နိုင်တာ မရှိသေးဘူး။ သူတို့လုပ်ထားတာတွေ စာရွက်စာတမ်းတွေကိုတော့ ကျွန်တော်တို့ကို ပေးလိုက်တဲ့အတွက် သိခွင့်ရခဲ့ပါတယ်။

ဓါတ်ပုံ – ပြည်ချစ်

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency