မဒေးကျွန်းရေလုပ်သားများအရေး ဖြေရှင်းရန်နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရန် တောင်းဆိုမည်

By Admin | Posted on May 19, 2017 | Also posted in News, South Rakhine | | Tagged , , , , , , , , , , |

135 Views

Water Worker
နောင်နောင်၊အောင်အောင်ထူး/RiA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှ ရေလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိကြသည့် ရေလုပ်သားများမှာ ပင်လယ်ပြင်နှင့် မြစ်ကြောင်းတစ်လျှောက်တွင် ငါးဖမ်းဆီးခွင့်များ မရှိတော့သည့်အတွက် ကျောက်ဖြူကျေးလက်ဒေ သဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံများ မေလ ၁၈ ရက်နေ့က ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့် မဒေးကျွန်းဒေသခံများနှင့် ကျောက်ဖြူဒေသခံများ၏ တပိုင်တနိုင် ရေလုပ်ငန်းလုပ်ကိုင်သူများ၏ စားဝတ်နေရေး အခက်အခဲများကို တင်ပြတောင်းဆိုနိုင်ရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသက ရေလုပ်သားတွေ လုပ်ကိုင်နေကြတဲ့ မြစ်ကြောင်းတွေကို နိုင်ငံတကာ ရေလမ်းကြောင်းအဖြစ် သတ်မှတ်လိုက်တယ်။ ပြီးတော့ ရေနံတင်သင်္ဘောတွေ သွားလာနေတဲ့အတွက် လုပ်ကိုင်စားသောက်ခွင့် မပြုတော့ဘူး။ ဒါကြောင့် အဲဒီကုမ္ပဏီက ရေလုပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံဖို့အတွက် တစ်ခုခုလုပ်ရမယ်။ ပြီးတော့ မဒေးကျွန်းဒေသဖွဲ့ဖြိုးတိုးတေက်ရေးအတွက် တောင်းဆိုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။”ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဦးထွန်းကြည်ကပြောသည်။

ယင်းသို့ ဒေသခံများ အားကိုးမှီခိုနေကြသည့် မြစ်ချောင်းများအား နိုင်ငံတကာရေလမ်းကြောင်းများအဖြစ် သတ်မှတ် ကာ နိုင်ငံတကာရေနံတင်သင်္ဘေားများ သွားလာနေကြေသည့်အတွက် ဒေသခံများလုပ်ကိုင်လျှက်ရှိသည့် ငါးဖမ်း လုပ်ငန်းများကို မပြုလုပ်ရန် တားဆီးခံလိုက်ရသည့်အပေါ် ယင်းရေနံတင်ကုမ္ပဏီမှ နစ်နာကြေးများရရှိရန် မကြာမီ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာမှ မဒေးကျွန်းဒေသသို့ ရေနံလာတင်တဲ့ သဘောင်္တွေကြောင့် သူတို့ရဲ့ရေလုပ်ငန်းကို အရင်လို လုပ်ကိုင် ခွင့်မရတော့တဲ့အတွက် ရေနံတင်သင်္ဘောတွေကို ပစ်မှတ်ထားပြီး တောင်းဆိုမယ်။ နောက်တစ်ခုက မဒေးကျွန်း ဒေသမှာတည်ဆောက်ထားတဲ့ ရတနာပိုက်လှိုင်းတွေကို အခြေတည်ပြီးတော့ မဒေးကျွန်းဒေသ ဖွိ့ဖြိုးတိုးတက်ရေး အတွက် တောင်းဆိုသွားဖို့ ဆန္ဒရှိကြတယ်”ဟု ဦးထွန်းကြည်က RiA သို့ ပြောသည်။

ယင်းဒေသခံများ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့် မြစ်ကြောင်းများကို နိုင်ငံတကာရေလမ်းကြောင်းအဖြစ် ယခုနှစ်ဦးပိုင်းက စတင်အသုံးပြုခဲ့ပြီး အရှေ့အလယ်ပိုင်းမှ ရေနံတင်သင်္ဘောကြီများမှာ မဒေးကျွန်ရေနံဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်လျှက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – မင်းမျိုးနွယ်/RiA

Related Post

Comments

comments

Root Agency