NGO အဖွဲ့အစည်းနှင့် UN အဖွဲ့အစည်းများ ချစ်ကြည်ရေး အားကစားပွဲများ စစ်တွေကမ်းခြေတွင်ပြုလုပ်

By Admin | Posted on May 19, 2017 | Also posted in News, North Rakhine | | Tagged , , , , , |

232 Views

NGO Game1
နောင်နောင်/RiA

စစ်တွေ၊ မေ ၁၉ ရက်။ ရခိုင်ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်းများနှင့် UN အဖွဲ့အစည်းတို့ပူးပေါင်း၍ ချစ်ကြည်ရေးပွဲများအဖြစ် အားကစားပြိုင်ပွဲများကို ယနေ့ မေလ ၁၉ ရက် နံနက် ပိုင်းက စစ်တွေဟိုတယ်ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်းများ တစ်ဖွဲ့နှင့် တစ်ဖွဲ့ခင်မင် ရင်းနှီးမှုများရှိလာစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ပြီး ယခုကျင်းပပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကစားပွဲဟာ NGO အဖွဲ့အစည်းတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခင်မင်ရင်းနီးသွားအောင်အတွက်ပါ။ NGO အဖွဲ့အစည်းတွေအား လုံးကို အုပ်စုခွဲပြီးတော့ တချို့အဖွဲ့တွေက ဘောလုံးပွဲ တွေကို တာဝန်ယူရတယ်။ တချို့ အဖွဲ့ အစည်းတွေက ဘော်လီ ဘောပြိုင်ပွဲကို တာဝန်ယူရတယ်။ အဲလိုစုပေါင်းပြီးတော့ ဒီပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်”ဟု NGO (SI) အဖွဲ့အစည်းမှ ကိုစိုးက ပြောသည်။

ယင်းအားကစားပြိုင်ပွဲများတွင် ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ဘောလုံးပွဲ၊ ခေါင်းအုံးသတ်ပြိုင်ပွဲ၊ water ဘောလုံးပြိုင်ပွဲ စုစုပေါင်း ကစားနည်း ၆ မျိုးဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

၎င်းအားကစားပြိုင်ပွဲများကို ရခိုင်ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်း၊ UN အဖွဲ့အစည်းများနှင့်အတူ ရခိုင်ဒေသ CSO အဖွဲ့အစည်းများက အားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းလည်း သိရသည်။

ဓါတ်ပုံ – နောင်နောင်/RiA

Related Post

Comments

comments

Root Agency