ALA စစ်ဦးစီးချုပ် ဗိုလ်မှူးခိုင်မိုးလင်း ကျဆုံးသည့် နှစ် ၄၀ ပြည့် အခမ်းအနားပြုလုပ်

By Admin | Posted on June 5, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , , , |

509 Views

Khine Moe Lin
နောင်နောင်/RiA

ရခိုင်ပြည်လွတ်မြောက်ရေးတပ် ALA ဥက္ကဌကြီး ဗိုလ်မှူးခိုင်မိုးလင်းကျဆုံးသွားသည့် နှစ် (၄၀) ပြည့် အခမ်းအနားကို ဇွန်လ ၄ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပါတီဥက္ကဌ ကျဆုံးသွားသောနေ့အား အောက်မေ့တမ်းတဂုဏ်ပြုပွဲအဖြစ် ကျင်းပသည့်အပြင် ALP ပါတီ၏ လူထုဟောပြောပွဲများကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မှာ တကယ့်ကို မေ့မရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ရဲ့ဖခင်ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးခိုင်မိုးလင်း ကျဆုံးတာကို သတိရဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ ၄ ရက်နေ့ ရောက်တိုင်းရောက်တိုင်း ဒီအခမ်းအနားကို ပြုလုပ်ပါတယ်။” ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ ခိုင်ကျော်လှိုင်က ပြောသည်။

အဆိုပါအခမ်းအနားကို ALA ပါတီ၊ ကျောက်တော်မြို့ မြို့မိ မြို့ဖများနှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အခမ်းအနားကျင်းပရခြင်းအပေါ် မိန့်ခွန်ပြောကြားခဲ့သည်။

ဗိုလ်မှူးခိုင်မိုးလင်း ဦးစီးသော ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်သည် ၁၉၇၇ ခုနှစ်တွင် လူအင်အား ၂၀၀ ကျော်ခန့်ရှိသော မိုးလင်းရာဇာ စစ်ကြောင်းချီတက်လာရာ ချင်းပြည်နယ်သို့အရောက်တွင် အင်အား ၁၀၀၀ နီးပါးခန့်ရှိသည့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ALP-ALA သည် ၂၀၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်အခြေချလျှက်ရှိသည့်တွက် ယခုကဲ့သို့ တိမ်ကောပျေက်ကွယ်လုနီးပါးဖြစ်နေသည့် အခမ်းအနားများကို ဦဆောင်ကျင်းပနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Related Post

Comments

comments

Root Agency