ပါတီမှအရေးယူမည်ဆိုပါက ညီလာခံ ခေါ်ယူရမည်ဖြစ်ပြီး ဗဟိုကော်မတီမှ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဦးမြသန်းပြော

By မင်းမျိုးနွယ် | Posted on July 17, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , , , , , , , |

1609 Views

U Mya Than 2
စစ်တွေ၊ ဇူလိုင် ၁၇ ရက်။ ရခိုင်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌသစ် ဦးမြသန်းအား ပါတီ၏စည်းမျှည်းစည်းကမ်းများကို ဖောက်ဖျက်သည့်အတွက် အရေးယူမည်ဟု ပါတီဗဟို၏ ပြောကြားချက်များနှင့် ပါတ်သက်၍ ဦးမြသန်းက ဤသို့တုံ့ပြန်လိုက်သည်။

“ကျွန်တော်က သာမာန်ပါတီဝင်တစ်ယောက် မဟုတ်ဘူး။ ညီလာခံကနေ တာဝန်ပေးထားတဲ့ ဗဟိုကော်မတီဝင် တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ကို အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် ညီလာခံခေါ်ယူရမှာဖြစ်ပါ တယ်။အလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။”ဟု လွှတ်တော် ဒု-ဥက္ကဌက ပြောသည်။

ဦးမြသန်းမှာ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အပြင် ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ကာ ရခိုင်အမျိုးသားပါတီတွင် ရပ်/ကျေးအဆင့် ကော်မတီဝင်များမှလွဲ၍ ကျန်မြို့နယ်အဆင့်နှင့် ဗဟိုအဆင့်ဆင့်တို့ကို ညီလာခံမှ ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဒါနဲ့ပါတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုမဖြစ်ရအောင် သူတို့ဟာသူတို့ ရွေးချယ်ခွင့်ပြုပေးဖို့ ပါတီကဝင်မပါဖို့အတွက် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်တွေ ပါတီကိုအကြံပြုပါတယ်။ ဒါကို ပါတီက လက်မခံဘူး။ မူချပေးမယ် အဲဒီမူအတိုင်းပဲ ရွေးချယ်ခံရမယ်ဆိုပြီးတော့ ပြောတယ်လို့ သိရပါတယ်။ ဒါတွေကိုလည်း ကျွန်တော်က နောက်မှသိရတာဖြစ်ပါတယ်။”ဟု ဦးမြသန်းက ပြောသည်။

U Htun Aung Kyaw

ယင်းသို့ လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်အား ပါတီမှ မူသတ်မှတ်ပြီး ရွေးချယ်ခြင်းမှာ CC အဖွဲ့ဝင် များ ဝင်ရောက် ရွေးချယ်ခံသွားပါက ပါတီတွင်း နိုင်ငံရေးအရ အနစ်နာခံနေသည့် CEC များ အခွင့်အရေး ဆုံးရှုံးမသွား စေရန်အတွက် ပက်ထုတ်ပစ် ခဲ့ခြင်းသားဖြစ်ကြောင်း ဦးမြသန်းက သူ၏အမြင်ကို ချပြသည်။

“ပါတီက ရွေးချယ်ပေးခဲ့တာဟာ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ မဆိုင်ပါဘူး။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးတို့ရဲ့ စိတ်သဘောဆန္ဒနဲ့ ရွေးချယ်ခဲ့တာပါ။ လျှို့ဝှက်မဲပေးပြီးတော့ ရွေးချယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီမှာတော့ မြေပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက မဲအများဆုံးနဲ့ အနိုင်ရှိခဲ့ပါတယ်။”ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်၏ ပြောပြချက် အရ သိရသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ အမည်စာရင်း တင်သွင်းနိုင်ရန်အတွက် လွှတ်တော်ဒု-ဥက္ကဌရာထူးနှင့် ကိုက်ညီမည့် ကိုယ် စားလှယ်များအား ရွေးချယ်ရာတွင် ပါတီမှ မူလေးချက်ကိုသာ ချမှတ်ပေးခဲ့ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မှတ်ချက်ပေးခြင်းများမပြုလုပ်ဘဲ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း လွတ်လပ်စွာ ရွေးချယ်ခဲ့ကြခြင်းသာဖြစ် ကြောင်း သိရသည်။

ပါတီကချမှတ်လိုက်သည့်မူလေးချက်မှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ရမည်။ သင့်လျော်သည့် ပညာအရည် အခြင်းရှိသူဖြစ်ရ မည်။ ပါတီအပေါ်တွင် သစ္စာရှိသူဖြစ်ရမည်။ ပါတီမှ ထုတ်ပြန်ချက်၊ စည်းကမ်းချက်၊ ကြေညာ ချက်၊ အမိန့်များအား တိကျစွာလိုက်နာသူ ဖြစ်ရမည်။ စသည့်အချက်များဖြစ်ကြောင်း သိရသည်။

“ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ကျွန်တော်အနေနဲ့လည်း ဝင်အရွေးခံဖို့ အစီစဉ်မရှိဘူး။ ရွေးချယ်တဲ့နေ့ ကျမှ ပဲ ရမ်းဗြဲက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ကျွန်တော်ကို အမည်စာရင်းတင်သွင်း ခဲ့ပါတယ်။ မာန်အောင်က ဦးသိန်းမောင်က ထောက်ခံပါတယ်။ အဲဒီမှာ ကျွန်တော်အတွက် ငြင်းဆိုခွင့်မရှိခဲ့ပါဘူး။ ကျွန်တော်ကို လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ် ခဲ့ကြတာဖြစ်ပါတယ်။”ဟု ဦးမြသန်းက ပြောသည်။

ယင်းအပြင် ပါတီအနေဖြင့် လွှတ်တော်ဒု-ဥက္ကဌအဖြစ် ရွေးချယ်ခံရန်အတွက် ပါတီမှရွေးချယ်ထားသူနှင့် ယှဉ်ပြိုင် အရွေးချယ် ခံပိုင်ခွင့် မရှိကြောင်း သတ်မှတ်ချက်မရှိသည့်အတွက် ဦးမြသန်းမှာ ပါတီ၏စည်းမျှည်း စည်းကမ်းများကို ဆန့်ကျင်ရာမကျကြောင်း ထောက်ပြ ခဲ့သည်။

အကယ်၍ ပါတီအနေဖြင့် မိမိအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုပါကညီလာခံမှ ချမှတ်ထားသည့် စည်းမျှည်းစည်းကမ်း များနှင့် ကိုက်ညီမှုမရှိသည့် လုပ်ရပ်သာဖြစ်ပြီး CEC မှ အတင်းထုတ်ပယ်မှုများ ပြုလုပ်ခဲ့လျှင် လည်း မိမိမှာ ANP ပါတီဝင်တစ်ဦးအဖြစ် သာ ခံယူသွားမည်ဖြစ်ကြောင်း ဦးမြသန်းက ဆက်လက်ပြောကြားခဲ့သည်။

mm
မင်းမျိုးနွယ်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ 7 Day News သတင်းဂျာနယ်၊ Flower News တို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ခဲ့ပြီး Favourite သတင်းဂျာနယ်နှင့် ထိုင်းနိုင်ငံအခြေစိုက် Arakan Review အင်လိုင်း သတင်းဌာန၌ လက်ထောက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အာရှအလင်းဂျာနယ်၊ Street Views သတင်းဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သဘာဝသယံဇာတ၊ ရေအရင်းအမြစ်၊ သစ်တောနှင့် နယ်စပ်စီးပွားရေးသတင်းများကို ရေးသားခဲ့သည်။

Related Post

Comments

comments

Root Agency