ဦးအေးသာအောင်မှလွဲ၍ ကျန် ALD ဗဟိုအလုပ်အမှုဆောင်များ မိခင်ပါတီသို့ ပြန်လည်ဝင်ရောက်ပြီး ဖြစ်

By Admin | Posted on August 11, 2017 | Also posted in News, Politics | | Tagged , , , |

1674 Views

နောင်နောင်/RiA

စစ်တွေ၊ သြဂုတ် ၁၁ ရက်။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်မှ လွဲ၍ ရခိုင်အမျိုးသားပါတီတွင် ရှိသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်၏ ဗဟိုအလုပ်အမှုဆောင်များမှာ ၎င်းတို့၏ မိခင်ပါတီသို့ ပြန်လည်ဝင်ရောက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

“ ကျွန်တော်တို့ ပါတီမှာ ပါတီဝင် ၂၀ နှင့် ဖွဲ့စည်းထားပါတယ်။ အဲဒီ လူ ၂၀ ထဲမှာ အယင်ပေါင်းစည်းတုန်းက ANP မှာ ရှိနေတဲ့ CEC (၇) ဦးမှာ အခု (၆) ဦးက ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် (ALD) ပါတီကို ပြည်လည်ရောက်ရှိနေပါပြီ။ အခု ALD ပါတီမှာ ရှိနေတဲ့ လူ ၂၀ ထဲမှာ ANP က ပြန်ပြီးပြောင်းလာတဲ လူအများစုပါတယ်။” ဟု ဦးမျိုးကျော်က ပြောသည်။

ဦးအေးသာအောင်မှာ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် အမျိုးသားလွှတ်တော်တွင် ဒုတိယ ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

“ ပါတီမှတ်ပုံတင် ခွင့်ပြုလိုက်တဲ့နေ့ကစပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အဖွဲ့ဝင် (၁၀၀၀) ကို ကော်မရှင်ကို စာရင်း ပေးသွင်းရပါမယ်။ အဲဒါတွေအတွက်တော့ အခုလိုက်ပြီး စည်းရုံးနေကြပါတယ်။ ပါတီဝင်ဘယ်လောက် စည်းရုံးရပြီ ဆိုတာတော့ ကိန်းဂဏန်းတော့ မထွက်သေးပါဘူး။ သို့သော်လည်း ရခိုင်အမျိုးသားပါတီအတွက် လှုပ်ရှားနေတဲ့ စည်းရုံးမှုတွေတော့ ရှိပါတယ်။” ဟု ဦးမျိုးကျော်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်သည် ၂၀၁၄ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပူးပေါင်းစဉ်က ၎င်းတို့၏ ပါတီဝင်များပါ ရခိုင်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ကြသောကြောင့် အဆိုပါ ပါတီဝင်များအားလည်း ANP မှ နုတ်ထွက်ပြီး ALD သို့ ပြန်လည် ဝင်ရောက်လာစေရန် ဆောင်ရွက်မှုများ ရှိနေသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်၏ နိုင်ငံရေးပါတီရုံးချူပ်အား လာမည့် သြဂုတ်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၌ ဖွင့်လှစ်ရန် စီစဉ်နေပြီး ရုံးခွဲများအား တောင်ကုတ်နှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဟုလည်း ဦးမျိုးကျော်၏ ပြောကြားချက်အရ သိရသည်။

Related Post

Comments

comments

Root Agency