ဆောင်းလာသည့်ထီးနှင့် ဓာတ်ကြိုးထိမိရာမှ လူတစ်ဦး ဓာတ်လိုက်သေဆုံး

By Admin | Posted on August 12, 2017 | Also posted in News, South Rakhine | | Tagged , , |

135 Views

Entrance-of-Kyaukphyu-Township

အောင်အောင်ထူး/RiA

ကျောက်ဖြူ၊ သြဂုတ်လ ၁၂ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အရာရှိရပ်ကွက်မှ အသက် (၁၄) နှစ် အရွယ် လူငယ် တစ်ဦးမှာ ဆောင်းလာသောထီးနှင့် ၎င်းသွားရာလမ်းတွင် ဓာတ်မီးတိုင်မှ တွဲလျောင်းကျနေသော ဝါယာကြိုးနှင့် ငြိတွယ် တိုက်မိရာမှ ဝါယာလျှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၇း၄၅ အချိန်က သေဆုံးသူသည် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ဖြတ်လမ်း (၅) ရှိ ဇေယျသီရိ ဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ ပြန်လာရာ ၎င်း၏ နေအိမ်အနီး သစ်သားလမ်းမီးတိုင်မှ တွဲလျောင်း ကျနေသော ဝါယာကြိုးနှင့် ၎င်းဆောင်းလာသော ထီးငြိတွယ်ရာမှ ဝါယာလျှော့ဖြစ်ပြီး ဓာတ်လိုက်သေဆုံး သွားခြင်းဖြစ်သည်။

အဆိုပါသေဆုံးသွားသူသည် ကျောက်ဖြူမြို့ အရာရှိရပ်ကွက်၊ ဖြတ်လမ်း(၄)တွင်နေထိုင်သူ ဦးကြည်ကြည်မောင်၏ သားမောင်မျိုးမင်းအောင် အသက်(၁၄)နှစ် ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

အရာရှိရပ်ကွက် ဖြတ်လမ်း(၅)ရှိ အနီးတဝိုက်ရှိ မျက်မြင်ဒေသခံတို့က ယင်းလမ်းမီးတိုင်မှ လျှပ်စစ်ဝါယာကြိုးသည် မြေ ပြင်မှ အမြင့်ပေ(၅)ပေခန့်ထိ တွဲကျနေသောကြောင့် ဆောင်းလာသောထီးနှင့် ငြိတွယ်ကာ ဓာတ်လိုက်ပြီး ယင်းနေရာ တွင်ပင် ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူရဲစခန်းမှ သိရသည်။

သေဆုံးသူ၏ အလောင်းအား စစ်ဆေးရာ ယာဘက်လက်ကောက်ဝတ်တွင် ညိုမဲဒါဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် ညိုမဲဒါဏ်ရာတစ်ချက် စုစုပေါင်း ဒါဏ်ရာနှစ်ချက်တို့တွေ့ရကြောင်း ဆေးစာတွင် ဖော်ပြထားသည်ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှ ပြောကြားချက်အ ရ သိရသည်။

အဆိုပါ သေဆုံးမှုကို ကျောက်ဖြူမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၃/၁၇) ဖြင့် အမှုဖွင့်ကာ ဒုရဲမှူး ကျော်ဇော က မေးမြန်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Related Post

Comments

comments

Root Agency