ဗဟိုညွှန်ကြားချက်များကို ဖော်ဆောင်ရန် ရခိုင်ပြည်နယ်အဆင့် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ ဆွေးနွေး

By Admin | Posted on January 11, 2018 | Also posted in News, Politics | | Tagged , |

159 Views

USDP

အောင်အောင်ထူး/RiA

စစ်တွေ၊ ဇန်နဝါရီ ၁၁ ရက်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုမှ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နိုင်ရေး ရခိုင်ပြည်နယ်အဆင့် ပါတီမျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံးတွင် ဇန်နဝါရီလ ၉ ရက်မှ ၁၀ ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပါတီဝင်အင်အား စီစစ်ရေး၊ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံရေး၊ ကွင်းဆင်း စည်းရုံးဆောင်ရွက်ရေး၊ သာရေးနာရေး ကိစ္စရပ်များနှင့်ပတ်သတ်၍ ကူညီဆောင်ရွက်ရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရေးနှင့် စသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ဥက္ကဌ ဒေါက်တာ စမ်းရွှေက RiA သို့ ပြောသည်။

“ဗဟိုပါတီက ညွှန်ကြားချက်တွေကို အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်ချက်တွေပါ။ အမျိုးအမျိုးပေါ့။ ဥပမာ ပါတီဝင် အင်အား စီစစ်ရေး၊ ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံရေး၊ ကွင်းဆင်းစည်းရုံး ဆောင်ရွက်ရေး၊ သာရေးနာရေး ကိစ္စတွေကို ကူညီဆောင်ရွက်ရေး။ နောက်တစ်ခုက လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရေး အဲဒါတွေပေါ့။”

ယင်း ၂ လတစ်ကြိမ် ပုံမှန်အစည်းအဝေးတွင် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ၊ ပြည်နယ်ပါတီဝင်များ၊ ခရိုင် ၅ ခုမှ ပါတီဝင် ဥက္ကဌများနှင့် မြို့နယ် ၁၇ မြို့နယ်မှ ပါတီဝင်အသီးသီးတို့က တက်ရောက်ခဲ့ကြောင်း ဒေါက်တာစမ်းရွှေက ပြောသည်။

အဆိုပါဆွေးနွေးပွဲသည် နှစ်လတစ်ကြိမ်ပြုလုပ်သော ပုံမှန်အစည်းဝေးဖြစ်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆွေးနွေး ပွဲဖြစ်ကြောင်း သိရသည်။

Related Post

Comments

comments

    Related Post

  • Latest Issue

  • Sound Cloud

Root Agency