The Root Magazine ၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ်

By Admin | Posted on January 11, 2018 | Also posted in Uncategorized | |

77 Views

The Root Magazine _ Vol 3 _ No 1

 

The Root Magazine ၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလထုတ် အတွဲ (၃) ၊ အမှတ် (၁) ကို လာမည့် တနင်္လာနေ့ (ဇန်နဝါရီလ ၁၅ ရက်) တွင် ဖြန့်ချိပါမည်။

ယခုလတွင် မျက်နှာဖုံးဆောင်းပါးအဖြစ်

– ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအတွင်း ဆောင်းပါးရှင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှန်တစ်ခုကို ရွေးချယ်ထားပြီး ထိုအတွေ့အကြုံခံစားချက်များသည် လူ့အသိုက်အဝန်းနှစ်ခုကြားက ရှိခဲ့ဖူးသည့် ချစ်ခြင်းမေတ္တာတို့ကို ထင်ဟပ်ပေါ်လွင်စေပါသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ ဆောင်းပါးရှင်၊ စာနယ်ဇင်း သမားများနှင့် ဝေဖန်ရေးသမားတို့၏ ကြုံတွေ့ရင်ဆိုင်နေရသော အခြေအနေမှန်ကို ရေးဖွဲ့ထားသည့် သတင်းဆောင်းပါး တစ်ပုဒ် အပါအဝင်

ရခိုင်အရေးနှင့် ပတ်သက်ပြီး ဝေဖန်သူ ကိုနေဆန်းလွင်နှင့် အင်တာဗျူး အပြည့်အစုံအားလည်း ဖတ်ရှုရမည် ဖြစ်ပါသည်။

စီးပွားရေး သတင်းသုံးသပ်ဝေဖန်ချက်များအဖြစ် – ရခိုင်ပြည်နယ်အတွင်း ဖော်ဆောင်လျက်ရှိသည့် ကညင်ချောင်းစီးပွားရေးဇုန်၏ လားရာလမ်းကြောင်းနှင့် ဆောက်လုပ်ရောင်းချလျက်ရှိသည့် တန်ဖိုးနည်း အိမ်ရာများသည် အမှန်တကယ် အိုးပိုင်အိမ်ပိုင် မရှိသေးသူများ လက်ထဲသို့ ရောက်လာနိုင်ခြေ ရှိမရှိ သုံးသပ်ထားသော ဆောင်းပါးကောင်းများကိုလည်း ဖတ်ရှုရဦးမည် ဖြစ်ပါသည်။

ထို့ပြင် လတ်တလော ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး အခြေအနေ ဖြစ်စဉ်များအပေါ် ဝါရင့် ဝေဖန်ရေးဆောင်းပါးရှင်၏ သုံးသပ်ချက်ကိုလည်း ယခုလ မဂ္ဂဇင်းတွင် တွေ့မြင်ရပါမည်။

ယခုလို စိတ်ဝင်စားဖွယ် သတင်းဆောင်းပါးများနှင့်အတူ ရခိုင်ပြည်နယ်အတွင်းမှ သတင်းဖြစ်ရပ်များအပေါ် အစဉ်အလာအရ တွေးမြင်ယူတတ်လေ့ရှိသည့် စဉ်းစားတွေးခေါ်မှုများကို မနှစ်သက်တော့သော စာဖတ်ပရိသတ်များအတွက် ဆန်းသစ်သော၊ တီထွင်မှုပါဝင်သော သတင်းအဖြစ်မှန်များအား The Root Magazine တွင် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။

The Root Magazine သည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံးသော In depth Magazine ဖြစ်ပြီး ဒေသတွင်းရှိ အခြားသတင်းဂျာနယ်များနှင့် မတူသော စာမျက်နှာဖွဲ့စည်းမှု၊ စက္ကူအရည်အသွေးများဖြင့် စာဖတ်ပရိသတ်တို့အပေါ် တန်ဖိုးထား၍ ဖြန့်ချိလျက်ရှိသည့် မဂ္ဂဇင်းတစ်ခုဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

Comments

comments

Root Agency