ဒုက္ခသည်တွေ ပြန်လာမည့်ကိစ္စ ရခိုင် ၁၇ မြို့နယ်အစည်းဝေးလုပ်

By Admin | Posted on February 24, 2018 | Also posted in News, North Rakhine | | Tagged , , |

433 Views

Sittwe Meeting (2)

အောင်အောင်ထူး/RiA

စစ်တွေ၊ ဖေဖော်ဝါရီ ၂၄ ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာကြမည့် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်မှ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ်ကို စစ်တွေမြို့ရှိ ပုသိမ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

“ဘင်္ဂလီတွေကို လက်မခံဖို့။ လက်ခံမယ်ဆိုရင်လည်း စီစစ်ပြီးမှပေါ့။ တိုင်းရင်းသားလူမျိုးတွေရဲ့ လုံခြုံမှုကို ရှေ့ရှုပြီးတော့ အဲဒီလူမျိုးတွေကို အဲဒီနေရာမှာ လက်မခံဖို့ အကုန်လုံးကတော့ တစ်သဘောတည်းပဲ။ တစ်လပိုင်းက မြောက်ဦးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကို ကျမတို့ လူမှုအဖွဲ့အစည်းတွေက ဘယ်လိုမျိုး ကူညီရမလဲ။ ဘယ်လိုမျိုး ဖြေရှင်း ရမလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြပါတယ်။” ဟု အစည်းအဝေးတက်ရောက်လာသည့် ၁၇ မြို့နယ်က အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် ၅၀ ဦးထဲမှ ရခိုင်ပြည်နယ် လူမှုအဖွဲ့အစည်း အထောက်အကူပြုကော်မတီဝင် ဒေါ်ကျော့စိန်က RiA သို့ ပြောသည်။

အစည်းအဝေးအတွင်း ဒုက္ခသည်များ ပြန်လာမည့် ကိစ္စအပါအဝင် ဇန်နဝါရီ ၁၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မြောက်ဦးဆူပူမှု ကိစ္စရပ်များကိုပါ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲမှ ဘုံသဘောတူ ဆုံးဖြတ်ချက်အား ထုတ်ပြန်ချက်တစ်ရပ် ကြေညာပြီး ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမည်  ဖြစ်ကာ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် လူထုအစည်းအဝေးကြီးတစ်ရပ် ခေါ်ယူပြီး ရှင်းလင်းသွားမည်ဟုလည်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

သတင်းဓာတ်ပုံ – ဒုက္ခသည်များ ပြန်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၏ ၁၇ မြို့နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့သည် စစ်တွေအစည်းအဝေး (ဓာတ်ပုံ – RiA)

Related Post

Comments

comments

Root Agency