အရက်မူး၍ ရေထဲဆင်းရာမှ ရေနစ်သေ

By Admin | Posted on March 1, 2018 | Also posted in Crime, News, South Rakhine | | Tagged , , |

309 Views

အောင်အောင်ထူး/RiA
 
ကျောက်ဖြူ၊ မတ် ၁ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်က အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်းက ပြောသည်။
 
“ဟုတ်တယ်။ ရေနစ်သေတာ။ အရက်မူးပြီးတော့ ရေထဲဆင်းသွားတာဗျ။ လှေရှိတဲ့ နေရာကို သွားရင်းနဲ့ လှေနားမ ရောက်လိုက်ဘူး။ အဲဒီမှာ ရေနစ်သေတာ။”ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက RiA သို့ပြောသည်။
 
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှ ဦးလှခင် အသက် (၃၈) နှစ်၊ (ဘ) ဦးမောင်ဘခင် ဖြစ်ပြီး ရေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။
 
၎င်းအား သေဆုံးနေသည်ကို ယင်းကျေးရွာမှ လူအချို့က တွေ့၍ ရဲစခန်းသို့ သတင်းပေးပို့ချက်အရ ကျောက်ဖြူမြို့မရဲ ခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ ပြင်ပဒါဏ်ရာ တစ်စုံတစ်ရာ မတွေ့ရကြောင်း ဆိုသည်။
 
ယင်းအမှုအား သေမှုသေခင်းအမှတ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်ကာ ရဲအုပ်သန့်ဇင်ထွန်းက တရားလိုလုပ်ပြီး စစ်ဆေး ဆောင်လျှက်ရှိသည်ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။

Related Post

Comments

comments

Root Agency