ပြည်ပကို ထွက်ခွာမည့် ရခိုင်က မူဆလင် ၁၂ ဦး အမ်းမြို့နယ်တွင် ဖမ်းဆီးခံရ

By Admin | Posted on March 10, 2018 | Also posted in News, North Rakhine | | Tagged , , |

2869 Views

12 Muslim from Rakhine

နောင်နောင်/ RiA ၊

အမ်း၊ မတ်လ ၁၀ ရက်။ ပြည်ပသို့ သွားရန် ထွက်ခွာလာသည့် ရခိုင်ပြည်နယ်မှ မူဆလင် ၁၂ ဦးမှာ အမ်းမြို့နယ် ထန်းချောင်း ကျေးရွာအနီးရှိ တောစပ် တစ်နေရာတွင်  ဒေသအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

မတ်လ ၉ ရက်နေ့ ညနေ ၇ နာရီအချိန်က ဖမ်းဆီးခံခဲ့ရသည့် အဆို မူဆလင် ၁၂ ဦးမှာ အမျိုးသားများ ဖြစ်ပြီး အသက် ၁၂ နှစ်မှ အသက် ၂၅ နှစ်ဝန်းကျင် အရွယ်များ ဖြစ်သည်။

အဆိုပါဖမ်းဆီးခံရသူများ၏ ပြောကြားချက်အရ ၎င်းတို့သည် ကျောက်တော်မြို့နယ်ရှိ အုန်းပတီးကျေးရွာ၊ တောင်ခေါင် ကျေးရွာနှင့် ယင်းအနီးအနားရှိ ကျေးရွာများမှဖြစ်ပြီး ပြည်ပသို့ သွားရန် ထွက်ခွာလာကြစဉ် အမ်းမြို့နယ် ထန်းချောင်း ကျေးရွာနှင့် ၃ မိုင်ခန့်ကွာဝေးသည့် တောစပ်တစ်နေရာတွင် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးထားသူများကို လဝက အက်ဥပဒေဖြင့် အမှုဖွင့်ပြီး အမ်းမြို့နယ် လဝကမှ အမ်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်၍  တရားစွဲဆိုနိုင်ရန် စီစဉ် ထားကြောင်း အမ်းမြို့နယ် လဝကမှ ဒုလဝကမှူး တင်မိုးလတ်က ပြောသည်။

“လောလောဆယ်တော့ ကျနော်တို့က သူတို့တွေကို စစ်နေပါတယ်။ ဘယ်လိုစစ်နေတာလဲဆိုတော့ သူတို့လာတဲ့ လမ်းကြောင်းတွေပေါ့။ ငွေဘယ်လောက်ပေးပြီး လာတယ်ဆိုတာ စစ်နေပါတယ်။ သူတို့ကိုက တောထဲမှာတွေ့တာပါ။ ကျနော်တို့က သူတို့ကို ရဲလက်အပ် အမှုဖွင့်ပြီးတော့ လဝက ဥပဒေနဲ့ တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့ တရား စွဲသွားမှာပါ။ အခုတော့ သူတို့ကို ဘာမှ မလုပ်ရသေးပါဘူး။” ဟု အမ်းမြို့နယ် လဝကမှ ဒုလဝကမှူး တင်မိုးလတ်က RiA သို့ ပြောသည်။

လက်ရှိမှာ ယင်းဖမ်းဆီးထားသူ ၁၂ ဦးကို အမ်းမြို့နယ် လဝက ရုံးတွင် ထိန်းသိမ်းကာ ထွက်ခွာလာသည့် အကြောင်းစုံကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေသည်။

သတင်းဓာတ်ပုံ – ပြည်ပသို့ ထွက်ခွာရန်လာစဉ် ဖမ်းဆီးခံရသည့် မူဆလင် ၁၂ ဦး (ဓာတ်ပုံ -ဟန်မင်းလှိုင် .. အမ်းဒေသခံ)

Related Post

Comments

comments

Root Agency