mm

အေးအေးသန်း

reporter

အေးအေးသန်းသည် Myanmar Now အတွင် အလုပ်သင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ယဉ်ကျေးမှု၊ သဘာဝသယံဇာတရေးရာများကို ရေးသားခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံး

ရသေ့တောင်၊ မေ ၂၉ ရက်။ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဂဏန်းရှာရန်သွားစဉ် မေလ ၂၈ ရက်နေ့က မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံသွားကြောင်း သိရသည်။

သေဆုံးသူမှာဦးကျော်သန်းရီ၏သား မောင်မျိုးနိုင် အသက် (၂၂) ဖြစ်ပြီး ၎င်းမှာမေလ ၂၈ ရက် နေ့နံနက်ပိုင်းက ဂဏန်းရှာရန် အိမ်မှထွက်သွားခဲ့ရာ ပြန်ရောက်မလာ၍ မိဘများနှင့် ရွာသားများက ရှာဖွေကြစဉ် ရွာ၏အနောက်ဘက် ၁ ဖာလုံခန့်အကွာတွင် သေဆုံးလျှက်တွေ့ရှိခြင်း ဖြစ်ကြောင်းသိရသည်။

more...

By အေးအေးသန်း | Posted on May 29, 2017 | Also posted in News, North Rakhine | | Tagged , , , , | Comments Off on ရသေ့တောင်မြို့နယ်တွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံး

၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ပေါက်တော၊ မေ ၂၀ ရက်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြင်မကျေးရွာမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး မေလ ၁၉ နေ့ ၁၀ နာရီခွဲအချိန်ခန့်တွင် အဓမ္မပြုကျင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အဓမ္မပြုကျင့်ခံလိုက်ရသည့် ကလေးငယ်မှာ အလယ်ဖရုံကာကျွန်းရှိ ပြင်မကျေးရွာတွင် နေထိုင်သူ မ—— ဖြစ်ပြီး ဒေါ် အောင်ကျော့ဖြူ၏ သမီးဖြစ်ကာ ပြုကျင့်သူမှာ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာနေ (ဘ) ဦးကျော်ယဉ်၏ သား မောင်ကျော်ဆန်းလှိုင် (ခ) ဆန်းကြီး အသက် ၂၀ နှစ် ဖြစ်ကြောင်းသိရသည်။

more...

By အေးအေးသန်း | Posted on May 20, 2017 | Also posted in News, North Rakhine | | Tagged , , , , , | Comments Off on ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ခရုချောင်း-အမကကို အချိန်မီစာသင်ကြားနိုင်ရေး ယာယီကျောင်းဆောင်ဆောက်လုပ်ရန်ပြင်ဆင်

ရသေ့တောင်၊ မေ ၁၉ ရက်။ လေပြင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ခရုချောင်း-အမက ကျောင်းဆောင်မှာ တစ်ဆောင်လုံးပြိုပျက်သွားခဲ့ရာ ယင်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသူ/သားများ ကျောင်းဖွင့်ချိန်အမီ စာသင်ကြားနိုင်ရန် ယာယီကျောင်းဆောင်တစ်ခု ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်မှာ မေလ ၁၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းမုန်တိုင်းငယ်ကြောင့် ပြိုပျက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းက ပညာရေးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများသွားရောက် စစ်ဆေးခဲ့ကြကာ ယာယီကျေင်းဆောင်သစ် တစ်ခုပြန်လည် ဆောက်လုပ်ပေးရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

more...

By အေးအေးသန်း | Posted on May 19, 2017 | Also posted in News, North Rakhine | | Tagged , , , , , | Comments Off on ခရုချောင်း-အမကကို အချိန်မီစာသင်ကြားနိုင်ရေး ယာယီကျောင်းဆောင်ဆောက်လုပ်ရန်ပြင်ဆင်

ကမ္ဘာအမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်ခြင်းမှာ လူနေအိမ်များကို ဖယ်ရှားရန်မဟုတ်ဟုဆို

မြောက်ဦး၊ မေ ၁၄ ရက်။ မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်မှု များ ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်လာရန် ပြင်ဆင်လျှက်ရှိနေရာ ပြီးခဲ့သည့်နှစ်မှစတင်ကာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်အများအပြားကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက် ရှိသည့်အတွက် ဒေသခံများမှာ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့ကို ကမ္ဘာအမွေအနှစ်အဖြစ် စာရင်းဝင်နိုင်ရန် ဆောင်ရွက်နေခြင်းမှာ မြောက်ဦးမြို့ပေါ်၌ နေထိုင်လျှက်ရှိကြသည့် လူနေအိမ်များကို ဖယ်ရှားရန်အတွက် မဟုတ်ကြောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက RiA သို့ ပြောသည်။

more...

By အေးအေးသန်း | Posted on May 14, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , | Comments Off on ကမ္ဘာအမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်ခြင်းမှာ လူနေအိမ်များကို ဖယ်ရှားရန်မဟုတ်ဟုဆို

လက်ရှိအစိုးရကို ယုံကြည်မှုအားနည်း၍ အထူးစီပွားရေးဇုန်ဖော်ဆောင်မှု ဒေသခံများကန့်ကွက်

ကျောက်ဖြူ၊ မေ ၄ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဖော်ဆောင်လျှက်ရှိသည့် တရုတ်နိုင်ငံ၏ အကြီးစားရင်းနှီး မြှပ်နှံမှုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကို ဒေသခံများအနေဖြင့် သဘောမတူမှုများ ရှိနေကြောင်းသိရသည်။

အဆိုပါ အထူးစီးပွားရေးဇုန် တည်ဆောက်မှု ပြီးစီးပါက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာမည် ဖြစ်သော်လည်း လက်ရှိအစိုးရအပေါ် ယုံကြည်မှု အားနည်းသည့်အတွက် ဒေသခံများက စီမံကိန်းအကောင်အထည် ဖော်ဆောင်နေမှုကို လက်မခံကြခြင်းဖြစ်ကြောင်း သိရသည်။

more...

By အေးအေးသန်း | Posted on May 7, 2017 | Also posted in Business, News, North Rakhine | | Tagged , , , , , , | Comments Off on လက်ရှိအစိုးရကို ယုံကြည်မှုအားနည်း၍ အထူးစီပွားရေးဇုန်ဖော်ဆောင်မှု ဒေသခံများကန့်ကွက်

See Also

Root Agency