mm

မင်းမင်း

reporter

မင်းမင်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံ အခြေစိုက် Arakan Review Online News တွင် တာဝန်ခံ အယ်ဒီတာ၊ မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် The World News Journal (မြန်မာဘာသာ) တွင် ဘာသာပြန်၊ ရခိုင်ပြည်နယ် အခြေစိုက် Development News Journal တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချူပ် အဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုမှ စတင်ကာ Radio Free Asia မြန်မာပိုင်းဌာန၊ ရခိုင် တိုင်းရင်းသား ဘာသာ အစီအစဉ် ထုတ်လုပ်ရေးမှူး အဖြစ် တာဝန် ယူထားပြီး RiA ၏ တည်ထောင်သူ ဖြစ်သည်။

Myanmar Press: My Boss is in Meeting

As a political journalist reside in the western state of Rakhine, where dozens of human rights abuses were committed which has drawn attention from the international communities, I need to take a great extent of careful steps to avoid biases in reporting news.

In Rakhine, the parliament, government, departments, and the administrative power are in the hand of majority ethnic Rakhine population. Muslim minority who called themselves as Rohingya has little freedom of expression. Security officials are looking every steps of a journalist and also they have authority to seize camera from us. They can also restrict freedom of movement to a journalist.

more...

By မင်းမင်း | Posted on August 7, 2017 | Also posted in International, News, Opinion, Perspective | | Tagged , , , | Leave a comment

အပြစ်မဲ့ သေဆုံးမှုများနှင့် ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေရဲ့ ဘဝလုံခြုံမှုအပေါ် အစိုးရက အကာအကွယ်ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားများအခြေခံအခွင့်အရေး ရပိုင်ခွင့်တွေပါ ဆုံးရှုံးနေခြင်းလို့ ပြောရမှာပါ။

တကယ်တော့ ဒီလို အပြစ်မဲ့ ပြည်သူတွေ သေဆုံးနေရမှုအပေါ် နိုင်ငံတော်ရဲ့ တရားစီရင်ရေးမဏ္ဍိုင်က အထူး စိုးရိမ်သင့်ပြီး မျက်ကွယ်ပြုမထားသင့်ပါဘူး။ ကိုမောင်ဖြူဒေါင်း သေဆုံးမှုအပါအဝင် မောင်တောက အပြစ်မဲ့ ပြည်သူတွေ အသတ်ခံနေရမှုတွေအပေါ် ဘက်လိုက်မှု ကင်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ပြီး အပြစ်ရှိသူတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ လိုအပ်နေပါတယ်။

more...

By မင်းမင်း | Posted on May 6, 2017 | Also posted in Opinion | | Tagged , , , , , | Comments Off on အပြစ်မဲ့ သေဆုံးမှုများနှင့် ရခိုင်ပြည်နယ်

ရခိုင်က မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် တပ်မတော် ပါဝင်နေသလား

ကာလတန်ဖိုး ကျပ်သိန်းပေါင်း ကိုးထောင်နီးပါး တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေကို တပ်မတော်က အဆင့်မြင့် အရာရှိတစ်ဦးရဲ့ ယာဉ်ပေါ်ကနေ မေလ ၁ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

RiA က ရရှိထားတဲ့ သတင်းရင်းမြစ်တွေအရ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေထဲ မောင်တော အကြမ်းဖက်မှု နှိမ်နင်းရေး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ခမရ(၅၆၄) က ဗိုလ်မှူး ရဲဇေယျာ၊ တပ်သား သိန်းနိုင် အပါအဝင် အရပ်သား ၂ ဦးတို့ပါဝင်ပြီး သူတို့ကို မေ ၁ ရက်နေ့ နေ့လည်က မောင်တော ၃ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

more...

By မင်းမင်း | Posted on May 2, 2017 | Also posted in Opinion | | Tagged , , | Comments Off on ရခိုင်က မူးယစ်ဆေးဝါးကုန်သွယ်ရေးတွင် တပ်မတော် ပါဝင်နေသလား

မူလနေရပ်ကို ပြန်ဖို့ ကမန်တိုင်းရင်းသားတွေ အခက်ခဲရှိနေဆဲ

ပြန်လာဖို့ အားနည်းချက်ရှိတယ်ဆိုတာက တစ်ချို့တစ်ချို့က ပြည်မကို ပြောင်းရွေ့လာသူတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး အစရှိတဲ့ထဲ ရန်ကုန်မှာတော့ များတယ်ပေါ့။ ပြောင်းရွေ့လာသူတွေ။ သို့သော် အစိုးရက မူလနေရာစီစဉ်ပေးရင်တော့ အားလုံးက ပြန်ပြီး သွားဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာ သူတို့က အရမ်းဆင်းရဲကြတဲ့အခါ ဒီတိုင်း ပြန်သွားမယ်ဆိုရင် သူတို့အတွက် အခက်အခဲတွေက ရှိလာတယ်။ ပြောင်းရွေ့ဖို့ စရိတ်တွေအပါအဝင် ပြန်လည်နေထိုင်ရေးအတွက် ငွေကြေးမတတ်စွမ်းနိုင်တဲ့ အနေအထားမျိုးကို ဆိုလိုချင်တာပါ။

more...

By မင်းမင်း | Posted on April 27, 2017 | Also posted in Interview | | Tagged , , , , | Comments Off on မူလနေရပ်ကို ပြန်ဖို့ ကမန်တိုင်းရင်းသားတွေ အခက်ခဲရှိနေဆဲ

ANC အပါအ၀င်​ UNFC အဖွဲ့ဝင်​များ NCA လက်​မှတ်​​ရေးထိုး​ရေး ယတိပြတ်​ မဆုံးဖြတ်​ရ​သေး

UNFC အဖွဲ့တွေက လက်မှတ်မထိုးဘူးဆိုခဲ့ရင် ဘယ်အကြောင်းအရာပေါ်မှာ အခြေခံပြီးမှ လက်မှတ်မထိုးကြရသလဲ ဆိုတာကို ကျနော်တို့အနေနဲ့ ဆန်းစစ်ဖို့ လိုပါတယ်။ ကျနော်တို့က NCA သည် နဂိုပြုစုခဲ့တဲ့ ကျနော်တို့ (ဦးသိန်းစိန် အစိုးရလက်ထက်က NCA တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ – (၈) ဖွဲ့ကို ရည်ညွှန်းလိုခြင်းဖြစ်) လက်မှတ်ရေးထိုးတဲ့ NCA နဲ့ လုပ်ထုံးလုပ်နည်းတို့သည် ခိုင်မာမှုမရှိ၊ ဖြည့်စွက်စရာတွေ ရှိနေသေးတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်မို့လည်းပဲ ကျနော်တို့အားလုံးက အဆိုပြုချက် (၉) ချက်ကို ညှိနှိုင်းပြီး ရေးဆွဲခဲ့ကြတယ်။ ဒါကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ ဒီအချက်အလက်တွေအပေါ်မှာ ဘယ်လောက်ထိ အတိုးအလျော့လုပ်လို့ရလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

more...

By မင်းမင်း | Posted on March 31, 2017 | Also posted in Burma Affair, Interview | | Tagged , , , , , , , , | Comments Off on ANC အပါအ၀င်​ UNFC အဖွဲ့ဝင်​များ NCA လက်​မှတ်​​ရေးထိုး​ရေး ယတိပြတ်​ မဆုံးဖြတ်​ရ​သေး

Root Agency