mm

မိုးအောင်

reporter

မိုးအောင်သည် ရခိုင်ပြည်နယ်အခြေစိုက် Development News Journal တွင် အကြံပေး၊ သတင်းအယ်ဒီတာ တာဝန်များ ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေး၊ ပထဝီရေးရာတို့ကို ရေးသားလျက်ရှိကာ RiA ၏ တည်ထောင်သူ တစ်ဦး ဖြစ်သည့် ကျော်စိုးဦး၏ ကလောင်ခွဲ ဖြစ်သည်။

မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းနှင့် လှေလုပ်သားများအရေး ပြည်နယ်လွှတ်တော်က ဝင်ရောက်ညှိုနိုင်း

စစ်တွေမြို့ ကမ်းနားလမ်းတွင် မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းတစ်ခုကို ကိုးရီးယားကုမ္ပဏီ BXT မှ တာဝန်ယူ ပြုလုပ်လျှက်ရှိရာ ကုလားတန်မြစ်အတွင်း မှီခိုရပ်တည်နေကြသည့် ငှက်သမ္ဗန်များမှာ စီမံကိန်းဖော်ဆောင်နေသည့် ကမ်းခြေတလျှောက်တွင် ရပ်နားခွင့် မရရှိသည့်အတွက် အခက်အခဲများရှိနေသဖြင့် ကုမ္ပဏီနှင့် လှေသမားများအကြား ရခိုင်ပြည်နယ် လွှတ်တော်မှ လာရောက်ညှိနှိုင်း ပေးခဲ့ရကြောင်းသိရသည်။

ကုလားတန်မြစ်ကမ်း တစ်လျှောက်တွင် သင်္ဘော၊ မော်တော်စသည့် အလတ်စား၊ အသးစားရေယဉ်များမှ ခရီးသည်နှင့် ကုန်စည်များအား ကူးတို့နှင့် ကုန်တင်ကုန်ချလုပ်ငန်းများကို ဒေသခံအများစုတို့က လုပ်ကိုင်လျှက်ရှိရာ ယင်းသို့လုပ် ကိုင်နေကြသည့် စက်လှေနှင့် သမ္ဗန်ငယ်များအား မြေယာဖော်ဆောင်ရေးစီမံကိန်းမှ ကမ်းကပ်ခွင့်မပေးသည့်အတွက် လွှတ်တော်သို့တိုင်ကြားခဲ့ရာ လွှတ်တော် ဥက္ကဌနှင့် လွှတ်တော်ရေးရာ အကြံပေးကော်မတီတို့ မတ်လ ၁၀ ရက်နေ့က လာရောက် ညှိနှိုင်းပေးခဲ့ရကြောင်း သိရသည်။

more...

By မိုးအောင် | Posted on March 11, 2017 | Also posted in News, North Rakhine | | Tagged , , , , , , | Comments Off on မြို့ပြမြေယာဖော်ဆောင်ရေး စီမံကိန်းနှင့် လှေလုပ်သားများအရေး ပြည်နယ်လွှတ်တော်က ဝင်ရောက်ညှိုနိုင်း

အစ္စလမ်ဘာသာဝင် တက္ကသိုလ်ဝင်တန်း ကျောင်းသားများအား သီးသန့်ဖြေဆိုခွင့်ပေး

ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလမ်ဘာသာဝင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ/သားများအား စာမေးပွဲဖြေဆို နိုင်ရန်အတွက် မြို့နယ်ငါးခုတွင် စာစစ်ဌာန၏ သီးသန့်အစီအစဉ်ဖြင့် ဖြေဆိုခွင့်ပေးထားကြောင်း သိရသည်။

ယခုနှစ် စာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၌ သီးသန့်အစီအစဉ်ဖြင့် ဖြေဆိုခွင့်ပြုပေး ထားခြင်းဖြစ်ကာ စစ်တွေစာစစ် ဌာနတွင် သက္ကယ်ပြင် အထက၊ ကျောက်တော် စာစစ်ဌာနတွင် ညေင်ပင်လှ အထက၊ မြောက်ဦးစာစစ်ဌနတွင် မြောင်းဘွေ အထက၊ ကျောက်ဖြူ စာစစ်ဌာနတွင် ခမရ (၅၄၂) အထကနှင့် ရမ်းဗြဲ စာစစ်ဌာနတွင် ကျောက်နီမော် အထက တို့၌ သီးသန့်စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းသိရသည်။

more...

By မိုးအောင် | Posted on | Also posted in News, North Rakhine, Society, South Rakhine | | Tagged , , , , , , , , , , | Comments Off on အစ္စလမ်ဘာသာဝင် တက္ကသိုလ်ဝင်တန်း ကျောင်းသားများအား သီးသန့်ဖြေဆိုခွင့်ပေး

တက္ကသိုလ်ဝင်တန်းဖြေဆိုသူ မသန်စွမ်းများအတွက် အချိန်ပိုဖြည့်စွက်ပေးထားဟုဆို

ရခိုင်ပြည်နယ်အတွင်း လက်ရှိစာမေးပွဲဖြေဆိုလျှက်ရှိသည့် ကျောင်းသူ/သားများ ထဲတွင် မသန်စွမ်းသူများလည်း ပါဝင်ဖြေဆိုလျှက်ရှိရာ ၎င်းတို့အတွက် စာမေးပွဲဖြေ ဆိုချိန်ကို အချိန်ပိုဖြည့်စွက် ပေးထားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသူ/သားများအား ဖြေဆိုချိန်ကို ၃ နာရီတိတိသာ ခွင့်ပြုထားရှိသော်လည်း မသန်စွမ်းသူများမှာ အလုပ်လုပ်ချိန်ကြံ့ကြာခြင်းများရှိပြီး သာမာန်ကျောင်းသားများကဲ့သို့ လျင်မြန်ဖြတ်လတ်ခြင်း မရှိသည့်အတွက် မသန်စွမ်း သည့်ကျောင်းသူ/သားများကို ဖြေဆိုချိန် မိနစ် ၃၀ ခန့်တိုးမြှင့်ပြီး ဖြေဆိုခွင့်ပေးထား ခြင်း ဖြစ်ကြောင်း သိရသည်။

more...

By မိုးအောင် | Posted on March 10, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , , , | Comments Off on တက္ကသိုလ်ဝင်တန်းဖြေဆိုသူ မသန်စွမ်းများအတွက် အချိန်ပိုဖြည့်စွက်ပေးထားဟုဆို

လေယဉ်ကွင်းတိုးချဲ့ရာတွင်ပါ ဝင်သွားသည့်မြေပိုင်ရှင်တချို့နှင့် လျော်ကြေးငွေကိစ္စ ညှိနှိုင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့လေယဉ်ကွင်းအား တိုးချဲ့ဆောက်လုပ်ရာတွင် ပါဝင် သွားခဲ့သည့် မြေနေရာများအတွက် မူလပိုင်ရှင် တချို့တို့ကလျော်ကြေးငွေများကို တိုးမြှင့်တောင်းခံထားသည့်အပါ် သက်ဆိုင်ရာဌာနများနှင့် မြေပိုင်ရှင်တို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလေယဉ်ကွင်းအား တိုးချဲ့ရာတွင် ပါဝင်သွားသည့်မြေများမှာ ဒေသခံ ၃၅ ဦးတို့ပိုင်ဆိုင်သည့်မြေများဖြစ်ကြပြီး ယင်းမြေပိုင်ရှင် ၃၅ ဦးထဲမှ ၃၁ ဦးတို့မှာ ပေးအပ်သည့်လျော်ကြေးငွေများကို လက်ခံထားပြီးဖြစ်သော်လည်း ကျန်ရှိ သည့် ပိုင်ရှင် ၄ ဦးတို့က ၎င်းတို့ပိုင်ဆိုင်သည့် မြေများနှင့် ထိုက်သင့်သည့် လျော်ကြေးငွေများ ကို ပေးဆောင်ရန်အတွက် တိုးမြှင့်တောင်းခံထားသည့်အတွက် မြေပိုင်ရှင်များနှင့် ဌာနဆိုင်ရာတို့တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

more...

By မိုးအောင် | Posted on March 8, 2017 | Also posted in News, South Rakhine | | Tagged , , , , , , , | Comments Off on လေယဉ်ကွင်းတိုးချဲ့ရာတွင်ပါ ဝင်သွားသည့်မြေပိုင်ရှင်တချို့နှင့် လျော်ကြေးငွေကိစ္စ ညှိနှိုင်း

အမျိုးသမီးများ တန်းတူအခွင့်ရေး ရရှိစေရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စစ်တွေတွင်ပြုလုပ်

စစ်တွေ၊ မတ် ၈ ရက်။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အား ကျားမတန်းတူအခွင့်ရေး ရရှိစေရေး သဘောတရားကိုရည်ရွယ်ပြီး ပျော်ပွဲရွှင် ပွဲနှင့် အထိမ်းမှတ်အခမ်းနားကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် လူမှုဝန်ထမ်းဦးစီးဌာ နနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် NGOများပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အမျိုးသမီးများ တန်းတူခွင့်ရေးရရှိစေရန် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားအဆင့်စီမံချက် ( ၁၂) ရပ်ရေးဆွဲပြီး အကောင်ထည်ဖော်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အခမ်းနားတွင်ပြောကြား ခဲ့သည်။

more...

By မိုးအောင် | Posted on | Also posted in News, North Rakhine, Society | | Tagged , , | Comments Off on အမျိုးသမီးများ တန်းတူအခွင့်ရေး ရရှိစေရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ စစ်တွေတွင်ပြုလုပ်

See Also

Root Agency