Post By RiA Teams


မင်းပြားမြို့တွင် ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းဘေးရှိ လူနေအိမ်အချို့ ဖြိုဖျက်လိုက်ရ

နေအိမ်ကို ဖြိုဖျက်လိုက်ရသည့် မိသားစုများအနေဖြင့် နေအိမ် ဆုံးရှုံးနစ်နာမှုများနှင့် နေထိုင်စားသောက်ရေးအတွက် လက်ရှိတွင် ၎င်းတို့၏ မိသားစု ဆွေမျိုးများအိမ်၌ ယာယီ တည်းခိုနေထိုင်လျှက် ရှိကြသည်။

“သူတို့မှာက အိမ်တစ်ခြမ်းကို ဖြိုချလိုက်ရတာဆိုတော့ နောက်တစ်ခြမ်းမှာ နေကြတယ်။ လောလောဆယ်တော့ ရွှေ့ပြောင်းနေထိုင်ကြတာ မရှိသေးဘူး။ ကမ်းပါး အခြေနေကို ကြည့်နေကြတယ်ပေါ့။ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရမယ် ဆိုတော့ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အခက်ခဲရှိတာပေါ့။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။

more...

By Admin | Posted on July 2, 2018 | Also posted in News, North Rakhine | | Tagged , | Comments Off on မင်းပြားမြို့တွင် ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းဘေးရှိ လူနေအိမ်အချို့ ဖြိုဖျက်လိုက်ရ

ရခိုင့်လွှတ်တော်ကပယ်မဲ ၁၀ မဲ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ခုလွှတ်တော်ထဲက လူတွေက ပယ်မဲဖြစ်သွားအောင်ထိ အရည်အချင်းမညံ့ကြဘူး။ ဒါကြောင့် ဒီလိုပယ်မဲ ဖြစ်တယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာတာပေါ့။ ဒါကို ပြည်သူရှေ့ မှာ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းချပြဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ ဒါကိုဆက်လက်ပြီး လေ့ လာသင့်တယ်။ ဖော်ထုတ်သင့်တယ်။ ဒီလိုသာ ဖြစ်မယ်ဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာဖြစ်လာတယ်။ နောက် ဒီမိုကရေစီကို ဖြတ်သန်းနေတဲ့ ကာလဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ဟာ နောက်ထပ် နောက်ထပ် အကြောင်းအရာတွေအတွက် ရှိနေမယ့်ကိစ္စဖြစ်တယ်။ အမြဲတမ်းပဲ လွှတ်တော်မှာ သဘောမတူရင် မဲခွဲတာကိုရှိမယ်။ ဒီလိုသာ ကြားနေမဲလည်းမဟုတ်၊ ကန့်ကွက်မဲလည်းမဟုတ်ပဲ ပယ်မဲပဲဖြစ်သွားမယ်ဆိုရင် လွှတ်တော်ကို အကျဉ်းတန်စေတယ်။ ဖြစ်ရပ်ကိုတော့ စိတ်မ၀င်စားဘူး။ ပယ်မဲဖြစ်သွားတာကိုသာ စိတ်ဝင်စားတယ်။

more...

By Admin | Posted on June 30, 2018 | Also posted in Opinion | | Tagged , , , | Comments Off on ရခိုင့်လွှတ်တော်ကပယ်မဲ ၁၀ မဲ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ရခိုင်က ဝန်ကြီးတစ်ဦးကို ဖြုတ်ချရေးကိစ္စ မအောင်မြင်

ဝန်ကြီး ဦးကျော်အေးသိန်းသည် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရံပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုး တိုင်ကြားချက်ဖြင့် ပြည်နယ်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ယခု ဝန်ကြီးမတိုင်မီ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိဟု ဆိုကာ ပြည်နယ်လွှတ်တော်က အဆိုပြု မဲခွဲဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မ၏ အတည်ပြုချက်ဖြင့် ဝန်ကြီးရာထူးအား ဖြုတ်ချခဲ့ကြသေးသည်။

more...

By Admin | Posted on June 29, 2018 | Also posted in News, Politics | | Tagged , | Comments Off on ရခိုင်က ဝန်ကြီးတစ်ဦးကို ဖြုတ်ချရေးကိစ္စ မအောင်မြင်

“ပြည်ထောင်”ဆိုသည်မှာ

မြန်မာအဘိဓာန်တွင်ပင် “နိုင်ငံ” ကို အနက်ဖွင့်ထားသည်မှာ “ဘုရင်တစ်ဦးတည်း သို့မဟုတ် အစိုးရ တစ်ဖွဲ့တည်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေအပိုင်းအခြား။ တစ်စုံတစ်ဦး တစ်စုံတစ်ရာ၏ လွှမ်းမိုးရာ နယ်ပယ်။ ပြည့်ဝသော။ သာလွန်သော။” ဟု ဖော်ပြထားပါသည်။ လက်ရှိပြည်ထောင်စုအမည်ခံ တိုင်းပြည်ကို “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်” ဟု ခေါ်ဝေါ်သည်။ “နိုင်ငံတော်” ဟူ၍ သုံးနှုန်းထားပါသည်။ အဆိုပါမြန်မာ အဘိဓာန်တွင် “တော်” ကို “မြင့်မြတ်သော” ဟု အနက်ဖွင့်ထားပါသည်။ တနည်းအားဖြင့် ခန့်ငြားထည်ဝါမှု ကြီးကျယ်မြင့်မြတ်မှုကို ဖော်ကျူးလိုသည့် သဘောဖြင့် “နိုင်ငံတော်” ဟု ပူးတွဲခေါ်ဝေါ်ပုံရသည်။ နိုင်ငံရေးအရ အတွေးနယ် ဆန့်ကြည့်လျှင်လည်း “တော်” မှာ အင်ပါယာကဲ့သို့ သဘောဆောင်သည့် အင်္ဂလိပ်ဘာသာဖြင့် “Imperial State” ကို ဖော်ညွှန်းလိုသည်ဟု လက်ရှိအုပ်ချုပ်ရေးမြို့တော်အမည် “နေပြည်တော်” ၌ မြန်မာ ပဒေသရာဇ်ခေတ်က ဘုရင်စစ်သူကြီး ရုပ်ထုကြီးများ စိုက်ထူထားပုံနှင့် အုပ်စိုးသူလူတန်းစားတို့၏ စိတ်နေစိတ်ထား ပြုမူကျင့်ကြံ နေထိုင်ကြပုံများက သက်သေထူနေသည်။ ဤသည်မှာ ဘာသာဗေဒအခြေခံရှုတောင့်မှ “ပြည်ထောင်” ဆိုင်ရာဝေါဟာရနှင့် ဆက်စပ်နေသော စကားလုံးများပင်ဖြစ်ပါသည်။

more...

By Admin | Posted on June 27, 2018 | Also posted in Opinion | | Tagged , , , | Comments Off on “ပြည်ထောင်”ဆိုသည်မှာ

အစိုးရက ခွင့်မပြုသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ကို ပုံစံပြောင်း၍ ကျင်းပ

တရားဝင် ကျင်းပရန် ခွင့်ပြုချက်မရသေးသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ” ကို ပုံစံတမျိုးပြောင်း၍ ကိုယ်စားလှယ် ၉၀ နီးပါး ဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲအား ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင့်ဆင့်ပြုလုပ်ရာတွင် ပါဝင်နေသည့် ညီညွတ်သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) မှ ဦးဆောင်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၅) ရက်ကြာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

more...

By Admin | Posted on June 12, 2018 | Also posted in News, Politics | | Tagged , , | Comments Off on အစိုးရက ခွင့်မပြုသည့် “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ကို ပုံစံပြောင်း၍ ကျင်းပ

See Also

Root Agency