လျှပ်စစ်တွေ လွှတ်ထားတဲ့ သံကန်လန့်ကာ ငရဲခန်းဆိုတာ

1292 Views

အလုပ်အကိုင်ရှားပါးတဲ့ အခြေနေတွေကြောင့် လိင်လုပ်သားဘ၀ကို ကျရောက်ခဲ့တဲ့ အေးမွန်ဟာ သူ့အနေနဲ့ ဘ၀ကိုပြန်ပြိး အသစ်ကနေ စတင်လိုနေပါတယ်။ ငရဲခန်းအဖြစ် နေထိုင်ခဲ့တဲ့ စားသောက်ဆိုင်တည်ရှိရာ စစ်တွေမြို့တော်ကနေ သူ ၆ ရက်နေ့မှာ ရန်ကုန်ကို ပြန်ပြီး လာခဲ့ပါတယ်။

အေးမွန်တို့ ဖြစ်ပျက်ခဲ့တဲ့ အခြေနေဟာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အခြေနေကြောင့်ပဲဆိုတာကို ရခိုင်အမျိုးသမီးအစည်းရုံးက ဒေါ်စောစံငြိမ်းသူက အားမလို အားမရဆိုပါတယ်။

more...

By မိုးအောင် | Posted on February 3, 2017 | Tagged , , | Comments Off on လျှပ်စစ်တွေ လွှတ်ထားတဲ့ သံကန်လန့်ကာ ငရဲခန်းဆိုတာ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ စက်မှုရပ်ကွက် ထူထောင်ရေး

706 Views

၂၀၁၅ ခုနှစ် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၀ အစိုးရလက်ထက် ရခိုင်ပြည်နယ်အတွင်းက မြေယာတွေ သိမ်းယူထားခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါ တယ်။ အဲဒီနောက်မှာ မြေသိမ်းထားသူတွေရဲ့ အမည်စာရင်း ပေါက်ကြားလာခဲ့ပြီး ရခိုင်ပြည် နယ်အစိုးရ အဖွဲ့ဝင်ဟောင်းနဲ့ ပတ်သက်သူ ၆၀ ကျော် ပါဝင်နေပါတယ်။

သိမ်းဆည်းခံ မြေတွေဟာ စစ်တွေမြို့နယ် ဆတ်ရိုးကျ တစ်ဘက်ကမ်း စက်မှုရပ်ကွက် မြေတွေဖြစ်ပြီး အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ပါတ်သက်နေမှုကို စစ်ဆေးဖော်ထုတ်နိုင်ဖို့ ပြည်နယ်လွှတ်တော်မှာ စုံစမ်းရေးကော်မရှင် ဖွဲ့ရတဲ့ အဆင့်ထိ ဖြစ်လာပါတော့တယ်။

more...

By မင်းမျိုးနွယ် | Posted on February 2, 2017 | Also posted in News, North Rakhine, Politics | | Tagged , , | Comments Off on ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ စက်မှုရပ်ကွက် ထူထောင်ရေး

သတိပြုဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ရခိုင်ရိုးမ ကာကွယ်ဖို့ အရေး

587 Views

မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ ဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၀၁ -၂၀၀၃ ခုနှစ်မှာ စာရင်းကောက်ယူမှုများ အရ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၅,၀၀၀ ခန့်ရှိပြီး ယင်းနောက်ပိုင်း ကောက်ယူခဲ့ခြင်း မရှိတဲ့ အတွက် တော ဆင် ရိုင်းများတွေဟာ လျော့နည်းလျက် ရှိနေကြောင်း သိရပါတယ်။

သစ်တော ဦးစီးဌာနရဲ့ မှတ်ပုံတင်ထားတဲ့ စာရင်းတွေ အရတော့ မြန်မာနိုင်ငံမှာ ဌာနပိုင်ဆင်များ အပါအဝင် အိမ်မွေးဆင် စုစုပေါင်း ၄,၄၅၆ ကောင် ရှိကြောင်း သိရပါတယ်။

more...

By မိုးအောင် | Posted on August 26, 2016 | Also posted in Burma Affair | | Tagged , , , | Comments Off on သတိပြုဖို့ လိုအပ်နေပြီ ဖြစ်တဲ့ ရခိုင်ရိုးမ ကာကွယ်ဖို့ အရေး

ကချင်သူပုန်အဖွဲ့စီစဉ်တဲ့ စစ်ရှောင်လူငယ်များအတွက် ပညာရေးစနစ်

350 Views

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ကာလရှည်ကြာ တောင်းဆို တိုက်ပွဲ ဝင်နေကြတာဖြစ်ပြီး ပညာရေး၊ မိခင် ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်ကြားခွင့် တို့ကိုပါ တောင်းဆိုခဲ့ကြတာပါ။

KIO ဟာ သူ့ရဲ့ ပထမဆုံးသော ပညာသင်ကျောင်းကို ၁၉၆၄ မှာ ဖွင့်လှစ်ခဲ့ပြီး KIO ပညာရေးဌာနကို ၁၉၇၈ မှာ ဖွင့်လှစ်ခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကပေးတဲ့ လူမှုရေးဝန်ဆောင်မှုများ အကြောင်း ၂ဝ၁၄ ခုနှစ်ထုတ် အာရှဖောင်ဒေးရှင်း အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ၂ဝ၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်မသွားခင် ၁၇ နှစ်တာ ကာလအတွင်း KIO ပညာရေးဌာနဟာ အစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနနဲ့ လက်တွဲ လုပ်ကိုင်ခဲ့ပါတယ်။ အခြေခံအဆင့် ပညာရေးကို အဓိကလုပ်ကိုင်တဲ့ KIO ဘက်က ထုတ်ပေးတဲ့ အောင် လက်မှတ်တွေကို အစိုးရက အသိအမှတ်ပြုခဲ့ပါတယ်။

more...

By Admin | Posted on August 2, 2016 | Tagged , , | Comments Off on ကချင်သူပုန်အဖွဲ့စီစဉ်တဲ့ စစ်ရှောင်လူငယ်များအတွက် ပညာရေးစနစ်

တကျော့ပြန်လာတဲ့ ရခိုင်ရေဘေး

375 Views

၂၀၁၅ ခုနှစ်က ကိုမန်မုန်တိုင်း ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ဒေသ ရေကြီးမှုရဲ့ နောက် ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းလို့ မဆုံးခင် ဒုတိယ အကြိမ်မြောက် ရခိုင်ရေကြီးမှုဟာ ဖြစ်ပေါ် လာခဲ့ပါပြီ။

ဇွန်လအတွင်းက ရခိုင်ပြည်နယ် တောင်ပိုင်းဘက်မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးဒဏ်ရာ ရရှိမှုတွေနဲ့ လူခြောက်ဦး သေဆုံးခဲ့ပါ တယ်။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်း ၅ ခုမှာ ဇွန်လဆန်းက စတဲ့ မုတ်သုန် မိုးသည်းထန်စွာရွာသွန်း ရေကြီးမှုတွေကြောင့် ၁၄ ဦးသေဆုံးပြီး အနည်းဆုံးလူ ၂၆,၀၀၀ ရေဘေး ဒုက္ခခံစားနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

more...

By မိုးအောင် | Posted on July 8, 2016 | Tagged | Comments Off on တကျော့ပြန်လာတဲ့ ရခိုင်ရေဘေး

Root Agency