နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း

177 Views

အောက်တိုဘာလမှာ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို ဘယ်လိုမှစဉ်းစားလို့မရဘူး၊ အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး ကိစ္စတွေ၊ IDP စခန်းကလူတွေကို ပြန်လည်နေရာချထားဖို့ကိစ္စတွေ စတင်ဆောင်ရွက်နေတဲ့ အချိန်ပါ။ ရှောရှောရှုရှု ဆောင်ရွက်နေတဲ့ ကိစ္စတွေ အားလုံး အခု တိုက်ခိုက်မှုတွေကြောင့် ကမောက်ကမဖြစ်ကုန်တယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်စရာရှိလဲဆိုတာကို နားမလည် နိုင်ဘူး။ ဒါပေမယ့် လူအတော်များများက အဲဒီလို အခြေအနေ (ဒီလိုဖြစ်လာအောင် ဖန်တီးနေတဲ့ အ‌ခြေအနေ) တွေကို မသိကျိုးကျွံမျက်ကွယ်ပြုနေကြသလိုပါပဲ ။ ဘာကြောင့်မျက်ကွယ်ပြု နေတာလဲ။

more...

By Admin | Posted on April 6, 2017 | Tagged , | Leave a comment

ANC အပါအ၀င်​ UNFC အဖွဲ့ဝင်​များ NCA လက်​မှတ်​​ရေးထိုး​ရေး ယတိပြတ်​ မဆုံးဖြတ်​ရ​သေး

834 Views

UNFC အဖွဲ့တွေက လက်မှတ်မထိုးဘူးဆိုခဲ့ရင် ဘယ်အကြောင်းအရာပေါ်မှာ အခြေခံပြီးမှ လက်မှတ်မထိုးကြရသလဲ ဆိုတာကို ကျနော်တို့အနေနဲ့ ဆန်းစစ်ဖို့ လိုပါတယ်။ ကျနော်တို့က NCA သည် နဂိုပြုစုခဲ့တဲ့ ကျနော်တို့ (ဦးသိန်းစိန် အစိုးရလက်ထက်က NCA တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ – (၈) ဖွဲ့ကို ရည်ညွှန်းလိုခြင်းဖြစ်) လက်မှတ်ရေးထိုးတဲ့ NCA နဲ့ လုပ်ထုံးလုပ်နည်းတို့သည် ခိုင်မာမှုမရှိ၊ ဖြည့်စွက်စရာတွေ ရှိနေသေးတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်မို့လည်းပဲ ကျနော်တို့အားလုံးက အဆိုပြုချက် (၉) ချက်ကို ညှိနှိုင်းပြီး ရေးဆွဲခဲ့ကြတယ်။ ဒါကို တင်ပြ တောင်းဆိုခဲ့ကြတယ်။ ဒီအချက်အလက်တွေအပေါ်မှာ ဘယ်လောက်ထိ အတိုးအလျော့လုပ်လို့ရလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။

more...

By မင်းမင်း | Posted on March 31, 2017 | Also posted in Burma Affair | | Tagged , , , , , , , , | Leave a comment

ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

837 Views

MMN/RiA ။ ။ ဗိုလ်မှူးကြီးတို့ ရခိုင်ပြည်တပ်မတော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု တစ်ခုပြုလုပ်သွားတယ်လို့ သိရတယ် ခင်ဗျား ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြလို့ ရနိုင်မလား။

Col/ANC-AA ။ ။ ကျွန်တော်တို့ဘက်ကတော့ အဓိကဆွေးနွေးခဲ့တာဟာ UNFC ကတင်ပြထားတဲ့ မူ၈ ချက်ပါ။ ဘာကြောင့် ဒီိမူ ၈ ချက်ကို တင်ပြရသလဲ။ အဲဒီအပေါ် မှာရော ဘာတွေလုပ်ကိုင် နေကြသလဲဆိုတာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မူ ၈ ချက်က လဲပဲ NCA လက်မှတ်ရေးထိုးထားတဲ့ UNFC အနေနဲ့ မပြည့်စုံသေးတဲ့ အချက်အတွေ၊ မရှင်းလင်းသေးတဲ့ အချက်တွေကို ဖြည့်စွက်နိုင်ဖို့အတွက် တင်ပြ ထားတဲ့ ၈ ချက်ပါ။

more...

By မင်းမျိုးနွယ် | Posted on March 4, 2017 | Also posted in Politics | | Tagged , , , , , , , , , , , | Comments Off on ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

မောင်တော စစ်ဆင်ရေးနယ်မြေကို သတင်း သွားယူခဲ့တဲ့ ဦးစိုးမြင့်နှင့် ဆက်သွယ်မေးမြန်းချက်

444 Views

အောက်တိုဘာ (၉) ရခိုင်နယ်စပ် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်မှ စစ်ဆင်ရေးများ ဆောင်ရွက်လျက် ရှိသည့် မောင်တောခရိုင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အပြစ်မဲ့ ပြည်သူများကို ညှင်းပမ်း နှိပ်စက်မှုများ ရှိနေ ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲမှုများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရ၏ အစီ အစဉ်ဖြင့် ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သည့် သတင်းမီဒီယာ (၁၃) ခုကို ၎င်းဒေသသို့ သွားရောက် သတင်းရယူခွင့် ပြုခဲ့သည်။

အဆိုပါ (၁၃) ဖွဲ့တွင် ပါဝင်သည့် မဇ္ဈိမ သတင်းမီဒီယာမှ ဦးစိုးမြင့်ကို RiA သတင်းထောက် မိုးအောင်မှ ဆက်သွယ်မေးမြန်း ခဲ့ခြင်း ဖြစ်သည်။

more...

By Admin | Posted on December 24, 2016 | Tagged , , | Comments Off on မောင်တော စစ်ဆင်ရေးနယ်မြေကို သတင်း သွားယူခဲ့တဲ့ ဦးစိုးမြင့်နှင့် ဆက်သွယ်မေးမြန်းချက်

အမ်းမဲဆန္ဒနယ်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်နယ်ကော်မရှင် ဦးသူရိန်ထွဋ်နှင့် တွေ့ဆုံခန်း

467 Views

၂၀၁၇ ခုနှစ် ဧပြီ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း (၁၉) နေရာရှိနေပြီး ထိုအထဲတွင် ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁) နေရာလည်း အပါအဝင်ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာ (၄) ခုရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီမှ (၄) နေရာ အပြတ် အသတ် အနိုင်ရရှိခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီမှ (၂) နေရာနှင့် ပြည်ခိုင်ဖြိုးပါတီမှ (၂) နေရာစီ အသီးသီး အနိုင်ရရှိခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်အနေနှင့် တစ်ကြိမ်မှ အနိုင်ရရှိခဲ့ခြင်းမရှိသော မဲဆန္ဒနယ် တစ်ခုဖြစ်သည်။

more...

By Admin | Posted on November 24, 2016 | Tagged , , | Comments Off on အမ်းမဲဆန္ဒနယ်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်နယ်ကော်မရှင် ဦးသူရိန်ထွဋ်နှင့် တွေ့ဆုံခန်း

Root Agency