စစ်တွေက ဆယ်ကျော်သက်လူငယ် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီး

187 Views

ဆယ်ကျော်လူငယ် ၁၆ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု ဆိုကာ စစ်တွေရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့သည်ဟု ဆိုသည်။

ယင်းလူငယ်များမှာ စစ်တွေမြို့နယ် ကျေးပင်ကြီးရပ်ကွက်တွင် တည်ရှိသော တက္ကသိုလ်ကျောင်းဟောင်း (ယခု အထက – ၁) စာသင်ကျောင်းခြံဝင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲရန် ပြင်ဆင်နေစဉ်တွင် ဆေးပြားများနှင့်အတူ ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။

more...

By Admin | Posted on December 16, 2017 | Also posted in Crime | | Tagged , | Leave a comment

ရပ်/ကျေးအုပ်ချူပ်ရေးမှူး ပြန်လည်ရွေးချယ်နေမှု ရပ်တန့်ပေးဖို့ ရပ်ကျေးအုပ်ချူပ်ရေးမှူး ၁၀၀ ကျော် တောင်းဆို

145 Views

ကျင်းပလျက်ရှိသည့် ရပ်ကွက်ကျေးရွာစု အုပ်ချူပ်ရေးမှူး ပြန်လည်ရွေးချယ်ပွဲတို့အား ရပ်တန့်ပေးထားဖို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်/ကျေးအုပ်ချူပ်ရေးမှူး ၁၀၁ ဦးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အသနားခံ တင်ပြ ထားသည်ဟု သိရသည်။

“ ကျေးရွာအုပ်ချုပ်ရေးမှူး သက်တမ်းဟာ ၅ နှစ်ဖြစ်ပါတယ်။ အခုအုပ်ချုပ်ရေးမှူး တာဝန်ယူထားတဲ့ ၂ နှစ်နီးပါး ကာလမှာ လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မိမိကျေးရွာရဲ့ လမ်းညွန်ချက်တွေကို လိုက်နာဖို့အတွက် တတ်နေစပဲ ရှိပါသေးတယ်။ အခု အသစ် အုပ်ချုပ်ရေးမှူးဖြစ်လာမယ့် သူတွေက ရင့်ကျက်ပြီးတဲ့ သူတွေ မဟုတ်ပါ။ အုပ်ချုပ်ရေးမှူး ဟောင်းတွေ နေရာမှာအသစ်တွေကို အစားထိုးခန့်လိုက်ရင် ရပ်ရွာလုပ်ငန်းတွေမှာ အမှန်တကယ် အားနည်းလိမ့်မယ်လို့ ယူဆပါတယ်။” ဟု အဆိုပါ ရပ်/ကျေးအုပ်ချူပ်ရေးမှူး ၁၀၁ ဦးထဲမှ မြောက်ဦးမြို့နယ် တင်းထိန်ကန် ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းလှက RiA သို့ ပြောသည်။

more...

By Admin | Posted on December 15, 2017 | Also posted in North Rakhine, Society | | Tagged , , | Leave a comment

ဖမ်းဆီးခံသတင်းသမား ကိုကျော်စိုးဦး၏ မိသားစုဝင်များက အကျိုးအကြောင်းဘာမှ မသိရဟု ဆို

287 Views

ဖမ်းဆီးခံ ရိုက်တာသတင်းသမားနှစ်ဦးအနက် ကိုကျော်စိုးဦး (ခ) မိုးအောင်၏ မိသားစုဝင်များက ၎င်း ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုတိုင် အကျိုးအကြောင်းတစုံတရာ ရှင်းရှင်းလင်းလင်း မသိရသေးဟု RiA သို့ ပြောသည်။

“ ကိုယ့်လင်ကိုယ့်သားကို ကိုယ့်ဆီကို အမြန်ဆုံး ရောက်စေချင်တယ်။ သူဘယ်မှာနေလို့ ဘာလုပ်နေတယ် ဆိုတာလဲ မသိရဘူး။ လိုင်းထက်မှာ တင်ကြတယ်။ အဲဒီလောက်ပဲသိရတယ်။ ဖမ်းတယ်လို့ လောက်ပဲ ကြားတာ။ ပြီးတော့သမီးလေးကလည်း ခုမှပဲ ၂နှစ်နဲ့ ၄ လောက်ပဲရှိသေးတာ။ အိမ်မှာလည်း သူ့ကိုမှီခိုပြီးတော့ စားသောက်နေရတာပါ” ဟု ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုဝင်းက RiA သို့ ပြောသည်။

more...

By Admin | Posted on | Tagged , , , | Leave a comment

သတင်းသမား ၂ ဦးနှင့် ရဲအရာရှိ ၂ ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနှင့် ဖမ်းဆီးစစ်ဆေးနေ

175 Views

ရခိုင်မြောက်ပိုင်း လုံခြုံရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေရန် ရည်ရွယ်သည်ဟု ဆိုကာ သတင်းသမား ၂ ဦးနှင့် ရဲအရာရှိ ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို ဖမ်းဆီး စစ်ဆေးနေသည်ဟု နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ ရိုက်တာသတင်းဌာန၏ သတင်းထောက်များဖြစ်သော ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ဖြစ်သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်အရ သိရသည်။

more...

By Admin | Posted on December 14, 2017 | Tagged , | Leave a comment

ရခိုင်နယ်စပ်တွင် အခြေချမည့် တိုင်းရင်းသားများအတွက် CRR မှ အိမ်ငယ်များ ဆောက်ပေးနေ

252 Views

မောင်တောနယ်စပ်ဒေသများတွင် လာရောက်အခြေချမည့် တိုင်းရင်းသားများအတွက် အိမ်ငယ်များကို ဆောက်လုပ်ပေးနေသည်ဟု ရခိုင်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည် တည်ဆောက်ရေး အထောက်အကူပြုကော်မတီ CRR က ဆိုသည်။

အဆိုပါ နေအိမ်များကို မယူကမ်းအပိုင် ကိုးတန်ကောက်ကျေးရွာတွင် ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အိမ်တစ်လုံး၏ ကုန်ကျမှု တန်ဖိုးမှာ ၆ သိန်းကျပ် ဖြစ်သည်ဟု CRR အဖွဲ့ ဥက္ကဌ ဒေါက်တာ အေးချမ်းက RiA သို့ ပြောသည်။

more...

By Admin | Posted on | Also posted in Border, North Rakhine | | Tagged , , | Leave a comment

Root Agency