မျှော်လင့်မထားဘဲ အနိုင်ရရှိခဲ့ခြင်းဟု Miss Universe Sittwe 2017 မကေခိုင် ပြော

256 Views

တတိယအကြိမ်မြောက် Miss Universe Sittwe 2017 တွင် အနိုင်ရရှိသူ (Winner) ဖြစ်လာခဲ့သော ပြိုင်ပွဲဝင် ခါးနံပါတ် ၁၂ မကေခိုင်က သူအနေနှင့် မျှော်လင့်မထားသောဆုအား လက်ခံရရှိခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံအဆင့်ပြိုင်ပွဲတွင် အကောင်းဆုံး ပြင်ဆင်သွားမည်ဟု RiA သို့ ပြောသည်။

“သမီး ဒီwinner ဆုကို ရရှိလိမ့်မယ်လို့လဲ သိပ်မျှော်မှန်းမထားခဲ့ပါဘူး။ winner ဆုကို တကယ့် တကယ် ရရှိလာ တော့လည်း သမီးအရမ်းပျော်ပါတယ်။ နောက်ထပ် ရခိုင်ပြည်ကိုယ်စားပြုအဖြစ် ရန်ကုန်မှာ သွားပြိုင်ရမယ့် ပြိုင်ပွဲကြီးမှာ ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေနဲ့ သမီးအကောင်းဆုံးဖြစ်အောင် ပြုလုပ်သွားမှာပါ။”

more...

By Admin | Posted on June 25, 2017 | Also posted in News | | Tagged , , , | Leave a comment

လုယက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မြင့်မားလာသဖြင့် အရက်အား အချိန်အကန့်သတ်ဖြင့် ရောင်းရန် သတိပေး

129 Views

ကျောက်ဖြူမြို့နယ်အတွင်း လွန်ခဲ့သော သုံးလခန့်မှစတင်ကာ မှုခင်းဖြစ်ပွားမှု မြင့်မားလာပြီး အများစုမှာ အရက်သောက်ထားသူများ ဖြစ်သည်ဟု မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ပြောကြားခဲ့သော်လည်း ပြစ်မှုဆိုင်ရာမှုခင်းအရေအတွက်နှင့် လွန်ခဲ့သော သုံးလမတိုင်မီ မြို့နယ်၏ မှုခင်းဆိုင်ရာအခြေအနေများ၏ နှိုင်းယှဉ်ချက်များ အသေးစိပ်ကိုမူ ရှင်းလင်းပြောကြားနိုင်ခဲ့ခြင်း မရှိချေ။

ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ သတိပေးစာအရ သတ်မှတ်လိုင်စင်အမျိုးစားပေါ် (လိုင်စင်အမျိုးအစားပေါ်မူတည်ပြီး ညနေပိုင်း ၆ နာရီ၊ ၇ နာရီထိ၊ ဟိုတည်များဆိုလျင် ည ၁၀ နာရီ ထိစသည်ဖြင့်) မူတည်၍ ညနေ ၆ နာရီ နောက်ဆုံးထား၍ အရက် ရောင်းချခွင့်မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက လိုင်စင်ရုပ်သိမ်းပြီး ဆိုင်ပိတ်သိမ်းသွားသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

more...

By Admin | Posted on June 24, 2017 | Also posted in News, South Rakhine | | Tagged , , | Leave a comment

ရခိုင်ကျောင်းသားထု တစ်ရပ်လုံး ကိုယ်စားပြုနိုင်မည့် အဖွဲ့ဖွဲ့စည်းရန် ပြင်ဆင်

281 Views

စစ်တွေ၊ ဇွန် ၂၃ ရက်။ ရခိုင်ကျောင်းသားထု တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မည့် အဖွဲ့အစည်းကြီးတစ်ရပ် ဖွဲ့စည်းနိုင်ရန် တက္ကသိုလ်၊ ကောလိပ် (၇) ခုမှ ကျောင်းသားခေါင်းဆောင် ၃၀ ဦးတို့က စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ အဖွဲ့အား ဖွဲ့စည်းနိုင်ရန် စစ်တွေမြို့ရှိ နည်းပညာတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံ (စစ်တွေ) တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံတက္ကသိုလ်၊ ကျောက်ဖြူ GTI နှင့် တောင်ကုတ်ကောလိပ်၊ သံတွဲ GTI စသည့် တက္ကသိုလ် ကောလိပ်တို့ ကျောင်းသားများက ဦးဆောင်နေခြင်းလည်း ဖြစ်သည်။

more...

By Admin | Posted on June 23, 2017 | Also posted in News | | Tagged , | Leave a comment

မဘသက ရခိုင်တွင် အခမဲ့ ပုဂ္ဂလိကအထက်တန်းကျောင်း ဖွင့်လှစ်မည်

5265 Views

အခမဲ့ ပညာသင်ကြားမည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းအား တောင်ကုတ်မြို့နယ်တွင် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ) က ဦးဆောင်ပြီး ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

more...

By Admin | Posted on April 29, 2017 | Also posted in News, South Rakhine | | Tagged , , , , | Comments Off on မဘသက ရခိုင်တွင် အခမဲ့ ပုဂ္ဂလိကအထက်တန်းကျောင်း ဖွင့်လှစ်မည်

ပုဂ္ဂလိက ပညာရေးကဏ္ဍသို့ အလုပ်လျှောက်ထားမှု ယခုနှစ်အစပိုင်းမှာပင် အရှိန်အဟုန်ဖြင့် တိုးတက်လာ

111 Views

ပုဂ္ဂလိကကျောင်းများ၏ ဝန်ထမ်းလိုအပ်ချက် သိသိသာသာများပြားလာခြင်း မရှိသေးသော်လည်း လျှောက်ထားသူဦးရေမှာ ယခုနှစ်အစမှစ၍ အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm ၏ လစဉ်အလုပ်အကိုင်အခွင့်အလမ်း စစ်တမ်းအချက်အလက်များ အရ တွေ့ရှိရသည်။

ပုဂ္ဂလိကပညာရေးကဏ္ဍသို့ အလုပ်လျှောက်ထားမှုမှာ မတ်လတစ်လအတွင်း၌ပင် ခေါ်ယူနေသည့်အလုပ်အကိုင် အရေအတွက်ထက် ၉.၈၄ ရာခိုင်နှုန်း ပိုမိုများပြားနေခဲ့ကြောင်း တွေ့ရသည်။

more...

By Admin | Posted on April 6, 2017 | Also posted in Burma Affair, News | | Tagged , , , | Comments Off on ပုဂ္ဂလိက ပညာရေးကဏ္ဍသို့ အလုပ်လျှောက်ထားမှု ယခုနှစ်အစပိုင်းမှာပင် အရှိန်အဟုန်ဖြင့် တိုးတက်လာ

Root Agency