ငပလီက ပြည်သူပိုင်မြေမှာ ဆောက်လုပ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို ဖျက်ဖို့ ထပ်မံညွှန်ကြား

158 Views

ငပလီအပန်းဖြေစခန်းနှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများကို ဒီဇင်ဘာလ မကုန်မီ အပြီး ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုတိယအကြိမ် ညွှန်ကြားစာ ထုတ်ပြန်လာသည်။

ငပလီမြို့နယ် ဇီးဖြူကုန်းရပ်ကွက်ရှိ အများပိုင်မြေ ဧရိယာ ၁၈၅ × ၉၅ ပေတွင် ဆောက်လုပ်ထားသည့် အဆိုပါ ဈေးဆိုင်ခန်း ၁၆ ခန်းကို တရားမဝင်ဟု ဆိုကာ ဖယ်ရှားပေးဖို့ ရခိုင်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ငပလီမြို့နယ် အုပ်ချူပ်ရေးမှူးရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် ယခု ဒီဇင်ဘာ ၇ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ ညွှန်ကြားလာခြင်း ဖြစ်သည်။

more...

By Admin | Posted on December 12, 2017 | Also posted in News, Society | | Tagged , , , | Leave a comment

NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ

694 Views

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရှိ ကမန်တိုင်းရင်းသားများအား NVC ကဒ်ကို လက်ခံရန် ဖိအားပေးမှု ရှိနေပြီး လက်မခံကြောင်း ငြင်းဆိုခဲ့ကြသဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံ ကမန်တိုင်းရင်းသားများက ပြောသည်။

“ နောက်ထပ် ၃၊ ၄ ရက်ဆိုရင် ပင်လယ်ထွက်ရတော့မယ်။ ပင်လယ်ကို မထွက်ရဘဲ ရက် တာရှည်လာရင် ကျနော်တို့ စီးပွားရေး အခက်အခဲတွေ ကြုံတွေ့ရမယ်။ စားရေးသောက်ရေးရော အားလုံးဖက်ကပေါ့။ မော်တော်တစ်စီးမှာ လူ ၆ ယောက်၊ ၇ ယောက်မှာ တစ်ယောက်၊ နှစ်ယောက်လောက်မှာပဲ ရှိတာ။ လူမစုံရင်လည်း ထွက်လို့မရဘူး။ အဲဒါကြောင့် NVC ကဒ်မယူရင် ပင်လယ်မထွက်ရဘူး အဲလိုပြောတယ်။ ” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ ရေလုပ်သား ဦးမောင်လှစိန်က ဆိုသည်။

more...

By Admin | Posted on December 6, 2017 | Also posted in News | | Tagged , , , | Leave a comment

ပိုက်လိုင်းစီမံကိန်းက ပျက်စီးလယ်ပိုင်ရှင်တွေ လျော်ကြေးလက်ခံ

119 Views

ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ရွှံ့ဖုံးကာ ပျက်စီးသွားသည့် မြေယာများအတွက် China National Petroleum Corporation (CNPC) ကုမ္ပဏီမှ လျော်ကြေးငွေများ စတင်ပေးအပ်သည့်အချိန်တွင် ကုမ္ပဏီမှပေးသည့်အတိုင်း လယ် သမား ၄၆ ဦးက လက်ခံရယူခဲ့ပြီး ယခု လျော်ကြေးငွေ လက်ခံသူ လယ်သမား (၁၉) ဦးမှာ လျော်ကြေးငွေ လုံလောက် မှုမရှိသဖြင့် လုံလုံလောက်လောက်ပေးရန် တောင်းဆိုခဲ့ကြသူများလည်း ဖြစ်သည်။

သူတို့ကို အောက်တိုဘာလ ပထမသီတင်းပတ်အတွင်း ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချူပ်ရေးရုံးတွင် လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၁၉ ဦးတွင် ၁၇ ဦးကို လက်ခံပြီး ဖြစ်သလို ကျန် ၂ ဦးမှာ စာရင်းအနည်းငယ် ကွာဟမှုရှိ၍ စိစစ်နေဆဲ ဖြစ်သည်။

more...

By Admin | Posted on October 7, 2017 | Also posted in News | | Tagged , , , | Comments Off on ပိုက်လိုင်းစီမံကိန်းက ပျက်စီးလယ်ပိုင်ရှင်တွေ လျော်ကြေးလက်ခံ

ရွှေ့ပြောင်းသွားလာမှုကြောင့် လူကုန်ကူးမှုများကို ပိုမိုမြင့်တက်စေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြော

90 Views

စစ်တွေ၊ စက်တင်ဘာ ၁၃ ရက်။ ရခိုင်ပြည်နယ်သည် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံတိုင်းရင်းသားများမှာ ရခိုင်ပြည်နယ်အတွင်းမှ တခြားဒေသ များသို့ ရွှေ့ပြောင်းသွားလာပြီး အလုပ်လုပ်ကိုင်လျှက်ရှိနေရာ ယင်းသို့ရွှေ့ပြောင်းသွားလာမှုများကြောင့် လူကုန်ကူးမှု များကို ပိုမိုဖြစ်မြင်တက်စေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။

ရခိုင်ပြည်နယ်သည် ဒေသမတည်ငြိမ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသတွင်းအလုပ်အကိုင် ရှားပါးလာနေသဖြင့် နေရပ်စွန့်ခွာကာ အလုပ်အကိုင်ရရှိရေးအတွက် ရွှေ့ပြောင်းသွားလာပြီး အလုပ်လုပ်ကိုင်သူများမှာ နှစ်စဉ်မြင့်တက်လျှက်ရှိနေသည့်အတွက် လူကုန်ကူးမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက်ရှိနေကြောင်း သိရသည်။

more...

By မင်းမျိုးနွယ် | Posted on September 13, 2017 | Also posted in News, North Rakhine | | Tagged , , , , , , | Comments Off on ရွှေ့ပြောင်းသွားလာမှုကြောင့် လူကုန်ကူးမှုများကို ပိုမိုမြင့်တက်စေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြော

လိုင်စင်မဲ့ယဉ်များကို စက်တင်ဘာလ တစ်ရက်နေ့မှစတင်ဖမ်းဆီးပြီး ပိုင်ရှင်များကို အရေးယူမည်

269 Views

စစ်တွေ၊ သြဂုတ် ၂၂ ရက်။ ရခိုင်ပြည်နယ်အတွင်း အသုံးပြုသူများပြားလာနေသည့် လိုင်စင်မဲ့ယဉ်များအား လာမည့်စက်တင်ဘာလ တစ်ရက်နေ့မှ စတင်ဖမ်းဆီးသွားမည်ဖြစ်ကာ ဖမ်းဆီးရရှိသည့် ယဉ်ပိုင်ရှင်များအား တရားမဝင်ကုန်သွယ်မှု ဥပဒေပုဒ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေးယူဆောင်ရွက်မှုကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ လက်ရှိတွင် ယဉ်အန္တရာယ် လျော့ပါးရေးအတွက် ပညာပေးဆောင်ရွက်မှုများကို အင်တိုက်အားတိုက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

more...

By မင်းမျိုးနွယ် | Posted on August 22, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , , | Comments Off on လိုင်စင်မဲ့ယဉ်များကို စက်တင်ဘာလ တစ်ရက်နေ့မှစတင်ဖမ်းဆီးပြီး ပိုင်ရှင်များကို အရေးယူမည်

Root Agency