မာန်အောင်မှာ ဝေလငါးကြီး အသေတစ်ကောင် ထပ်မံတွေ့ရှိ

313 Views

ရခိုင်တောင်ပိုင်း ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သော မာန်အောင်မြို့နှင့် ၂၇ မိုင် ကွာဝေးသည့် ဘုတ်မျက်တောကျေးရွာ အနီး ပင်လယ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သေဆုံးလျှက် ထပ်မံ တွေ့ရှိရကြောင်း ငါးဦးစီးဌာနက ပြောသည်။

ထိုငါးမှာ အလျား ၄၃ ပေ၊ လုံးပတ် ၂၅ ပေ၊ မေးရိုး ၁၀ ပေ ရှည်လျားပြီး ဦးခေါင်း၊ အတောင်ပံနှင့် ခန္ဓာကိုယ်တို့မှာ ပျက်စီးနေပြီဖြစ်သလို ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

more...

By Admin | Posted on February 3, 2018 | Also posted in News, South Rakhine | | Tagged , , | Comments Off on မာန်အောင်မှာ ဝေလငါးကြီး အသေတစ်ကောင် ထပ်မံတွေ့ရှိ

ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားလုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအသစ်ပြော

373 Views

ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်တွင် လစ်လပ်လျှက်ရှိသော ဒုတိယ ဥက္ကဌနေရာကို ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက အနိုင်ရရှိသွားကြောင်း သိရသသည်။

၎င်းအနိုင်ရရှိသွားသော ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌသစ်သည် မိမိ၏တာဝန်ကိုကျေပွန်စွာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

more...

By Admin | Posted on July 16, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , , | Comments Off on ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားလုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအသစ်ပြော

ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်

1235 Views

ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာတစ်ချို့မှာ နိုင်ငံတော် အဆင့်မှ ခွင့်ပြုချက် ရရှိရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုက ပြောသည်။

“ကိုယ့်ပြည်နယ်မှာ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဆိုတာက ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး လောက်တော့ လုပ်လို့ရပါတယ်။ တကယ်အဆုံးအဖြတ် ပေးရမယ့်ဟာကတော့ ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်။”ဟု ဦးညီပုကပြောသည်။

more...

By Admin | Posted on May 16, 2017 | Also posted in News, North Rakhine, Politics | | Tagged , , , , , , , | Comments Off on ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်

ယခုနှစ်တွင် ရေခမ်းခြောက်မှုပြဿနာကို ကျေးရွာအမြောက်အများ ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်း

449 Views

စစ်တွေ၊ ဧပြီ ၇ ရက်။ ရခိုင်ပြည်နယ်သည် ယခုကဲ့သို့နွေရာသီသို့ရောက်တိုင်း ရေခမ်းခြောက်မှုပြဿနာကို တစ်ပြည်လုံး အတိုင်းအတာ ဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့် ပြည်နယ်တစ်ခုဖြစ်ရာ ယခုနှစ်တွင် ရာသီဥတုအပူရှိန် မြင့်မား နိုင်သည့်အတွက် သောက်သုံးရေ ခမ်းခြောက်မှုကို ကြုံတွေ့ရမည့် ကျေးရွာများမှာလည်း များပြားလာနိုင်ခြေ ရှိနေ ကြောင်း ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသဖွဲ့ဖြိုးရေး ဦးစီးဌာနက ပြောသည်။

မတ်လနှင့် ဧပြီလအတွင်း ရခိုင်ပြည်နယ်အတွင်း ခန့်မှန်းခြေအားဖြင့် ကျေးရွာပေါင်း ၁၆၀ ကျော်ခန့်တို့မှာ သောက် သုံးရေ လိုအပ် လျှက် ရှိသည့်အတွက် ဌာနအနေဖြင့် နည်းလမ်းသစ်များကိုအသုံးပြုကာ အခက်အခဲရှိသည့် ကျေးရွာများသို့ သောက် သုံးရေး ရောက်ရှိရေး အတွက် ဆောင်ရွက်ပေးလျှက်ရှိနေကြောင်းလည်း သိရသည်။

more...

By မင်းမျိုးနွယ် | Posted on April 7, 2017 | Also posted in News, North Rakhine, South Rakhine | | Tagged , , , , , , , , , , , , , , , , , , , | Comments Off on ယခုနှစ်တွင် ရေခမ်းခြောက်မှုပြဿနာကို ကျေးရွာအမြောက်အများ ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်း

မာန်အောင်မြို့နယ်တွင် ဆိုက်ကလုန်း Shelter တည်ဆောက်ပေးမည်

553 Views

ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွင် ပါဝင်သည် မာန်အောင်ကျွန်းတွင် သဘောဝဘေး အန္တရာယ် လေမုန်တိုင်းကြီးများ ကျရောက်လာပါက အများပြည်သူများ ရှောင်တိမ်း ခိုလှုံနိုင်ရန် လေမုန်တိုင်း ဒဏ်ခံနိုင်သော အဆောက်အဦး Cyclone Shelter တစ်ခုအား တည်ဆောက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနရုံးမှ သိရသည်။

more...

By Admin | Posted on November 17, 2016 | Also posted in News, South Rakhine | | Tagged , | Comments Off on မာန်အောင်မြို့နယ်တွင် ဆိုက်ကလုန်း Shelter တည်ဆောက်ပေးမည်

Root Agency