ကမန်တိုင်းရင်းသားများကို အစိုးရက ဘင်္ဂလီဟု ရေးသားမှု ဖြေရှင်းပေးရန် တောင်းဆို

1566 Views

သံတွဲ၊ ဖေဖော်ဝါရီ ၂၆ ရက်။ ကမန်တိုင်းရင်းသားများအား ဘင်္ဂလီဟု အစိုးရက ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ကမန်တိုင်းရင်းသားလူမှုကွန်ယက်က တောင်းဆိုလိုက်သည်။

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ကျောင်းသားစာရင်းများအား စာစစ်ဦးစီးဌာနက ထုတ်ပြန်လာရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကမန်တိုင်းရင်းသား ကျောင်းသားများ၏ လူမျိုးအမည်ကို ဘင်္ဂလီဟု ဖေါ်ပြပါရှိလာမှုအပေါ် ဖြေရှင်းပေးဖို့ ယခုလို တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

more...

By Admin | Posted on February 26, 2018 | Also posted in News, South Rakhine | | Tagged , | Comments Off on ကမန်တိုင်းရင်းသားများကို အစိုးရက ဘင်္ဂလီဟု ရေးသားမှု ဖြေရှင်းပေးရန် တောင်းဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ရေကြီးမှုအန္တရာယ်နှင့် ဆက်လက် ကြုံတွေ့နေရ

308 Views

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များတွင် ရေကြီးမှုအန္တရာယ်နှင့် ဆက်လက် ကြုံတွေ့နေရသောကြောင့် ဒေသခံများအနေဖြင့် ဘေးလွှတ်ရာသို့ ယာယီပြောင်းရွှေ့နေရကာ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေသောကြောင့် ကယ်ဆယ်ရေးထောက်ပံ့မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါရေကြီးမှုများသည် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေနှုတ်မြောင်းများပိတ်ဆို့ကာ ချောင်းရေလျှံမှုများဖြစ် ပေါ်လာပြီး ချောင်းနှင့် နီးစပ်ရာ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လာခြင်းကြောင့် ရေနစ်မြှပ်ခြင်းခံရသည့် ရပ်သူ/ရွာသား များက ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြရခြင်းဖြစ်သည်။

more...

By Admin | Posted on July 24, 2017 | Also posted in News, North Rakhine, South Rakhine | | Tagged , , , , , , , | Comments Off on ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ရေကြီးမှုအန္တရာယ်နှင့် ဆက်လက် ကြုံတွေ့နေရ

ချေးငွေမပေးသွင်းနိုင်သည့် တောင်သူအများစု ကို့အားကိုယ်ကိုး စိုက်ပျိုး

278 Views

မြောက်ဦး၊ ဇူလိုင် ၆ ရက်။ ပြီးခဲ့သည့် စပါးရိတ်သိမ်းချိန်က ရခိုင်ပြည်နယ်အတွင်း စပါးဈေးကျဆင်းပြီး ဝယ်ယူသူမရှိသောကြောင့် ချေးငွေမပေး သွင်းနိုင်သဖြင့် ယခုနှစ်တွင် ကို့အားကိုယ်ကိုးစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင် နေကြရကြောင်း သိရသည်။

အဆိုပါတောင်သူများမှာ ယခင်နှစ်က ရိတ်သိမ်းထားခဲ့သော စပါးများအား ပြန်လည်ရောင်းချရန် အခက်အခဲရှိနေသ ဖြင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ ချေးယူထားခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်မပေးဆပ်နိုင်ကြ သည့်အတွက် ယခုနှစ်နှင့် ချေးငွေမရရှိဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ စိုက်ပျိုးလုပ်ကိုင်နေကြရကြောင်း သိရသည်။

more...

By မင်းမျိုးနွယ် | Posted on July 6, 2017 | Also posted in News, North Rakhine | | Tagged , , , , , , , , , , , , | Comments Off on ချေးငွေမပေးသွင်းနိုင်သည့် တောင်သူအများစု ကို့အားကိုယ်ကိုး စိုက်ပျိုး

လေးမြို့နှင့် သူဌေးရေအားလျှပ် စစ်စီမံကိန်းများနှင့် ပါတ်သက်ပြီး ဆွေးနွေးရန် ဝန်ကြီးချုပ်ထံစာပို့

449 Views

စစ်တွေ၊ ဇွန် ၁၅ ရက်။ ရခိုင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပါတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ရခိုင်မြစ်ချောင်းများကွန်ရက် ARN မှ ဇွန်လ ၁၂ ရက်နေ့က အကြောင်းကြား စာ ပေးပို့ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အကောင်ထည်ဖော် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုရှိပြီး သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် လေးမြို့ရေအားလျှပ်စစ် စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

more...

By မင်းမျိုးနွယ် | Posted on June 15, 2017 | Also posted in News, North Rakhine, South Rakhine | | Tagged , , , , , , , , | Comments Off on လေးမြို့နှင့် သူဌေးရေအားလျှပ် စစ်စီမံကိန်းများနှင့် ပါတ်သက်ပြီး ဆွေးနွေးရန် ဝန်ကြီးချုပ်ထံစာပို့

ရွှေလှေကျေးရွာတွင် ဘုရားဆင်းတုတော်များအား ရိုက်ချိုးကာ ပစ္စည်းခိုးယူမှုဖြစ်ပွား

281 Views

သံတွဲ၊ မေ ၁၄ ရက်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ ဘုရားမော်ကျေးရွာအုပ်စု ဆူးပုတ်ကုန်းကျေးရွာတွင် တည်ထားကိုးကွယ်လျှက်ရှိသည့် ဘုရားဆင်းတုတော်များအား မေလ ၁၂ ရက်နေ့က တုတ်ဖြင့် ရိုက်ချိုး ဖျက်ဆီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါဘုရားများအား ဖျက်ဆီးမှုဖြစ်ပွားခဲ့ပုံမှာ လင်းသီကျေးရွာမှ မူဆလင်လူငယ် နေလင်းစိုး (ခ) စိုးမိုးဦး အသက် ၁၅ နှစ် (ဘ) ဦးစိုးခိုင်ထွန်းက စိတ်ဖောက်ပြန်ကာ ဆင်းတုတော်များ၏ ဦးခေါင်းကို တုတ်ဖြင့်ရိုက်ချိုးဖျက်ဆီးပြီး ယင်းအနီးရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

more...

By Admin | Posted on May 15, 2017 | Also posted in News, South Rakhine | | Tagged , , , , , , , , | Comments Off on ရွှေလှေကျေးရွာတွင် ဘုရားဆင်းတုတော်များအား ရိုက်ချိုးကာ ပစ္စည်းခိုးယူမှုဖြစ်ပွား

Root Agency